Believe 29

4.1K 248 20
                                    

Zaw

"ဒါကဘယ်လဲ" မိုးသစ်တို့ခေါ်ရာနောက် ပိုင်လိုက်သာလိုက်လာတာ မသိရသေး။ အစ်ကိုဝနကော မိုးသစ်ကော လိုက်လဲလိုက်တယ် မေးတာတစ်ယောက်မှလဲ မဖြေဘူး....

အနက်ရောင်ကားလေးက တဖြည်းဖြည်း မြို့ပြင်ဘက်ရောက်လာတာနဲ့အမျှ ပိုင်ပိုသိချင်လာတယ်...
"ခရီးသွားတာလား မြို့ပြင်တောင်ရောက်နေပြီ။ ငါဘာအဝတ်အစားမှ အပိုမပါဘူးနော်"

ပိုင့်မှာ အရူးတစ်ယောက်လိုပဲ ရှေ့ကနှစ်ယောက်က မိမိအား အဖက်တောင်မလုပ်....

ပြောမရတဲ့အဆုံး ပိုင်လဲ ခေါ်ရာနောက်သာ ငြိမ်ငြိမ်လေးလိုက်လာမိသည်။ ပိုင်သတိထားမိလာတာက ခုသွားနေတဲ့လမ်းက တစ်ချိန်က မိမိနှင့်ဦးဟိန်း ပထမဦးဆုံး shooting တစ်ခု အတူတူညအိပ်သွားဖူးသော ဂိုထောင်သို့ သွားရာလမ်းပင်။

ငါ့နှယ်နော် ဘာမြင်မြင် လွမ်းလာသလိုပဲ...အဲ့တုန်းကလေ ဦးဟိန်းရင်ခွင်ထဲ ပထမဦးဆုံး အိပ်ခဲ့ရတဲ့ည....ဦးဟိန်း ကာကွယ်ပေးခဲ့တာတွေ မိမိအားသဝန်တိုတာတွေ ပြန်တွေးရင်း နှုတ်ခမ်းထက်မှာ အပြုံးပန်းလေးပွင့်လာသည်။

သတိရလိုက်တာဗျာ....ဦးဟိန်း ဘယ်တွေသွား ဘာတွေလုပ်နေလဲ...အစားကော ပုံမှန်စားရဲ့လား....ဆေးကောသောက်သေးလား.....

ပိုင်အတွေးလွန်နေတုန်း ကားရပ်လိုက်မှ သတိထားမိသည် ဒါဟိုဂိုထောင်ပင်....
"ဘာလို့ဒီမှာရပ်တာလဲ"

"နားမလိုပါ...ဆင်းလေ...လေညှင်းခံရတာပေါ့..." မိုးသစ်ကို ပိုင်မျက်စောင်းထိုးပြီးကားအောက်သို့ ဆင်းလာလိုက်သည်။

"ညီဗိုက်ဆာပြီလား...ကိုဝယ်ထားတဲ့မုန့်ရှိတယ်...အအေးလဲဝယ်ထားတယ် အစာမလွန်ခင်စားနော်"
အစ်ကိုဝန၏ မိုးသစ်အပေါ် ဂရုစိုက်မှုတွေမြင်တော့ ပီတိဖြစ်မိသေး...ဒီနှစ်ယောက်ကိုလဲ နီးစပ်စေချင်သည်။

"မဆာသေးပါဘူး...ခင်ဗျားပဲစားနှင့်"
"ဟာ....ညီကလဲ အစာလွန်ရင် ညီဗိုက်အောင့်မှာပေါ့...ကိုကစိတ်ပူလို့ပါနော်"

မကြီးမငယ်နဲ့ ချွဲနေသော ဝနကြောင့် ပိုင်ရယ်ချင်စိတ်ကို ထိန်းနေရသည်။
"မစားဘူး"
"မစားရင် ညီ့ကိုနမ်းမှာနော်...လာထား..."

Believe (Complete)Where stories live. Discover now