Believe 20

4.5K 280 4
                                    

Zaw

ပိုင် အခန်းတံခါးအား အသာလေးဖွင့်ကာ အထဲကိုကြည့်လိုက်တော့ ကုတင်ပေါ်တွင် နှစ်ချိုက်စွာ အိပ်နေသော ဦးဟိန်း.....

တံခါးကို အသာအယာပိတ်ကာ ဦးဟိန်းဘေးနားသို့ လျှောက်သွားလိုက်သည်။ ဦးဟိန်း၏ အသက်ရှုသံပုံမှန်လေးနဲ့ တော်တော်အိပ်ပျော်နေပုံကို ပိုင်ငေးကြည့်နေမိသည်။

"ကျွန်တော့်အတွက်နဲ့ ရောဂါပါပြန်ဖောက်တဲ့အထိ စိတ်ပူတာလား ဦးဟိန်း...စိတ်ချပါ ကျွန်တော် အကောင်းဆုံး ဂရုစိုက်ပေးပါ့မယ်....ဦးဟိန်းက ကျွန်တော့်အပေါ် ကယ်တင်ပေးတဲ့ ကျေးဇူးလဲ မမေ့ပါဘူး....ကျွန်တော် သေချာမသိဘူး ကျွန်တော် ဦးဟိန်းကို ချစ်နေတာလားဆိုတာ.....သုံးသပ်ကြည့်ရဦးမယ်..."

ဦးဟိန်းနှာဖူးပြင်အား ပိုင်လက်လေးနဲ့ သပ်တင်လိုက်ပြီး မိမိလဲ အိပ်ဖို့ ပြင်ဆင်လိုက်ရသည်။ ဝနပြောပြထားလို့ ဘီဒိုထဲက စောင်နဲ့ခေါင်းအုံးအပိုတစ်လုံးကိုထုတ်လိုက်ပြီး အခန်းထဲရှိ sofaပေါ်တွင် ပိုင်အိပ်လိုက်သည်။
.
.
.
မနက်ခင်းနေရောင်လေးက အခန်းထဲရှိ sofaပေါ်တွင် အိပ်နေသော ပိုင့်ကို နိုးစေလာသည်။

အပြင်းကျောလေးဆန့်ပြီး ပိုင်ငုတ်တုတ်ကလေးထိုင်နေမိသည်။ မျက်လုံးလေးကို မှိတ်ထားရင်း....

ခေါင်းလေးနည်းနည်းကြည်တော့မှ မျက်စိကိုဖွင့်လိုက်တော့..
"အမေ့!!!" မိမိရှေ့တွင်ထိုင်ကာ မိမိအား သေချာစိုက်ကြည့်နေသော ဦးဟိန်း...

"ဦးဟိန်း နိုးနေတာလား...." ပိုင်မေးတာကို မဖြေပဲ ကြည့်မြဲကြည့်နေသော ဦးဟိန်းကြောင့် ပိုင်သတွေးတွေမြိုချနေမိသည်။

*ဒါ ဦးဟိန်းရောဂါထဲကပဲလား ငါ့ကို မေ့နေတာလား..*
"ဟို...ကျွန်တော့်ကို သိလား...."

ကြောင်တောင်တောင်လေး ဖြစ်နေသော ပိုင့်ကိုကြည့်ရင်း ဦးဟိန်း ရယ်ချင်စိတ်တဖွားဖွား....ဆက်ပြီးလဲ စချင်သေးတာကြောင့် ပိုင့်အား မသိသလိုကြည့်ရင်း ပိုင့်မျက်နှာနားသို့ တဖြည်းဖြည်း တိုးကပ်သွားလိုက်သည်။

"ဟို...ဟို...ဦးဟိန်း...ဟီး....ဟို...." စိုက်ကြည့်ပြီး မျက်နှာနားသို့ တိုးလာသောကြောင့် ပိုင်အမှန်ပင်လန့်နေလေပြီ။ အချက်ပြခလုတ်ကလဲ ကုတင်ဘေးဆိုတော့ မိမိနဲ့ အတော်လှမ်းလှသည်။

Believe (Complete)Where stories live. Discover now