Zaw
ဒီအတိုင်းဆက်ထားရင်း ဦးဟိန်းအတွက် အမှန်ပင်စိုးရိမ်နေရလေပြီ....
နောက်ဆုံး ပိုင်ဆုံးဖြတ်ချက်ချကာ အခန်းထဲဝင်မည်အပြု...ကြီးမြမှ
"သားငယ်...အန္တရာယ်ရှိတယ်...""ရတယ်ကြီးမြ အပြင်ကသာ သေချာပိတ်ထားနော် " ကြီးမြစကားလဲ ပယ်ချကာ ပိုင် အခန်းတံခါးဖွင့်ပြီး အထဲကို ဝင်သွားလိုက်တော့...
သောင်းကျန်းနေသော ဦးဟိန်း အခန်းထဲသို့ လူတစ်ယောက်ဝင်လာတာကြောင့် ကြည့်လိုက်တော့ ဟိုအကောင်ပင်....
"မင်း...မင်း...ငါ့ကလေးကော!!!"
'အုန်း..'
"အစ်..." ပိုင့်ဆီပြေးလာကာ အင်္ကျီစကို ဆွဲပြီး တံခါးနဲ့ကပ်ကာ မြှောက်လိုက်သည်။အားသန်လှသော ဦးဟိန်းကြောင့် ပိုင် လည်ပင်းအစ်သွားပြီး အသက်ရှူပင်မဝချင်တော့...ဦးဟိန်းမျက်လုံးမှာလဲ နီရဲကာ ကြောက်စရာကောင်းနေသည်။
"ဦးဟိန်း...ကျွန်တော်...ပါ...အစ်"
"မင်းကို ငါသတ်မှာ...ငါ့ကလေးကော!!!"
'အုန်း...'ပို၍ပင် တင်းကြပ်လာသော လည်ပင်းကြောင့် ပိုင်မနည်းအသက်ရှူနေရသည်။ ဦးဟိန်းလက်မှာရှိသော အကျောတွေပင် ထောင်လာသည်။
"ကျွန်တော်ပိုင်လေ...ဦး...ဦးဟိန်းရဲ့ ကလေး....ကလေးလေ...."
"ဟင်...ကလေး..."ကလေး ဆိုတဲ့ စကားကြောင့် ပြန်ငြိမ်ကျသွားကာ ပိုင့်ကိုသေချာကြည့်နေသည်။
ဦးဟိန်းမျက်လုံးထဲ စွမ်းဆိုတဲ့အကောင်အစား ကလေးကိုသာပြန်နေရတော့ အတော်ပင်လန့်သွားသည်။ မိမိကိုင်ထားသော ကလေးအင်္ကျီကို လွှတ်ချလိုက်မိသည်။
"အဟွတ်..အဟွတ်...ဟွတ်..." ပိုင် ကြမ်းပြင်ပေါ်သို့ ခွေခွေလေးကျသွားကာ အခုမှအသက်ကို လုရှူနေရသည်။
ဦးဟိန်း လက်များတုန်ရင်နေကာ ပိုင့်ပုခုံးလေးကိုကိုင်ပြီး
"ကလေး...ဦး...ဦး...တောင်းပန်ပါတယ်...ကလေး...ဦးမှားတာ...ကဲကွာ...ကဲကွာ..."
'ဖြောင်း...ဖြောင်း...ဖြောင်း...'ကိုယ့်အမှားကြောင့် ကလေးခုလိုဖြစ်တာဆိုပြီး မိမိပါးတွေပင်ပြန်ရိုက်ကာ အပြစ်ပေးမိသည်။
ကိုယ့်ကိုယ်ကို ပြန်ရိုက်နေသော ဦးဟိန်းလက်ကို ပိုင်အမြန်ကိုင်လိုက်ပြီး...
"ဦးဟိန်း...တော်တော့နော်...ကျွန်တော် အဆင်ပြေတယ်....တော်တော့နော်..."
"မဟုတ်ဘူး...ကလေးနာသွားတာ ဦးမကောင်းလို့ပါ..."

YOU ARE READING
Believe (Complete)
Roman d'amourZaw အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ??? Uni အချစ်ကို ယုံဖို့ ခတ်ခဲနေသော ကောင်လေးကို အရမ်းချစ်မိသွားတဲ့ ဦးက ဘယ်လိုတွေ အလိုလိုက်ပြီး ပြန်ချစ်အောင်လုပ်မလဲ???