Believe 17

4.4K 269 10
                                        

Zaw

ခေါင်းတွေမူးနောက်စွာနဲ့ ပိုင် နိုးလာသည်။ အမြင်တွေကလဲ မကြည်လင်သည်မို့ မျက်လုံးတွေကို မနည်းအားယူကာ ဖွင့်နေရသည်။
"အား...ကျစ်..."

လှုပ်လို့မရတာနဲ့ မိမိကိုယ်ကိုကြည့်လိုက်တော့ ခုံတစ်ခုပေါ်တွင် ထိုင်ကာ လက်ကိုနောက်ပြန်ကျိုးတုတ်ထားပြီး ခြေထောက်တွေပါ ကြိုးတုတ်ခံထားရသည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဂိုထောင်ဟောင်းကြီးတစ်ခုထဲတွင်....

သတိမမေ့ခင်တုန်းက အချိန်ကိုတွေးကြည့်လိုက်တော့ မိမိက ရတီသာ၏ မွေးနေ့ပါတီပွဲကိုမှာပင်...ဒါဆို ဆေးခပ်ခံရတာသေချာတာပေါ့....

"နိုးနေပြီလား....နင်မေ့နေတာ တစ်ရက်ကျော်ပြီ Sorry ဆေးထည့်တာ များသွားပုံပဲ...." မိမိဆီသို့ ဒေါက်မြင့်ဖိနပ်ဖြင့် တစ်လှမ်းချင်းလျှောက်လာကာ အရင်ကနဲ့မတူပဲ စောင်းချိတ်ချိတ်ပြောနေသော ရတီသာ..

"မင်း ဘာကြောင့် ငါ့ကိုခုလိုလုပ်တာလဲ မင်းလိုချင်တာဘာလဲ ဟမ်!!"
"ဟား.....ရှင်းရှင်းလေးလေ...ကို့ ကို နင် မြူစွယ်လို့...နင် ငါ့ဆီက ကို့ကို လုယူသွားလို့..."

'ဖြန်း..ဖြန်..' ပိုင့်ပါးနှစ်ဖက်အား ဘယ်ညာရိုက်ချလိုက်သည်။
ပါးနှစ်ဖက်လုံး ပူရှိန်းရှိန်း ခံစားလိုက်ရသော ပိုင်....

"နင် မှားနေပြီ....ငါ မမြူစွယ်ဘူး နင့်လူသာ ငါ့ကို လိုက်နှောက်ယှက်နေတာ..."
"နင် ပြန်ပြင်ပြောလိုက်စမ်း...ကိုက အဲ့လိုလူစားမဟုတ်ဘူး...ဒါတွေအားလုံး နင့်ကြောင့်ပဲ!!!!"

အသံကိုညှစ်ကာ အော်နေသော ရတီ့ကိုကြည့်ရင်း ပိုင် စိတ်ကုန်လှပြီ....
"နင်သေချာစုံစမ်းသင့်တယ်....ငါ သူ့ကိုတောင် ငြင်းပြီးပြီ..."

ပိုင့်စကားကြောင့် ရတီတွေးစစဖြစ်သွားသည်။ ပိုင်ပြောနေတာ တကယ်ပဲလား....ဒါပင်မဲ့ မိမိတို့တွဲလာတာကြာနေပြီလေ သူသာမမြူစွယ်ရင် ကိုက ပါစရာအကြောင်းကိုမရှိတာ....

"လူလိမ်!!!"
"ရပ်စမ်း!" ရတီ ပိုင့်ပါးကို ထပ်ရိုက်ဖို့ လက်ရွယ်လိုက်ပင်မဲ့ အနောက်ကတစ်စုံတစ်ယောက်၏ အော်သံကြောင့် လက်က လေပေါ်တွင်သာ တန့်သွားသည်။

Believe (Complete)Where stories live. Discover now