Believe 34

3.9K 255 18
                                    

Zaw

ပိုင် မျက်လုံးလေးကို ပွတ်ကာ နိုးလာရင်း ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ မိုးပင်လင်းနေလေပြီ။ နာရီကြည့်တော့ ၉နာရီတောင် ထိုးနေပြီမို့ မနက်စာပြင်ရန် အထ...ခါးအောက်ပိုင်းတစ်နေရာမှ စူးကနဲနာကျင်မှု။

"အ့....နာလိုက်တာ..." ခါးလေးကိုကိုင်ကာ ဖြည်းဖြည်းချင်း ထိုင်နေတုန်း ဦးဟိန်း အခန်းထဲဝင်လာပြီး
"ကလေး...အဆင်ပြေရဲ့လား...တော်တော်နာနေသေးလား။"

ပြာပြာသလဲ ပိုင့်ဘေးနားသို့ရောက်လာကာ စိုးရိမ်တကြီး မေးနေသောဦးဟိန်း။
"နာတာပေါ့...မနာပဲနေမလား..."
"တောင်းပန်ပါတယ်..... ဦး ကလေးအတွက် ဆန်ပြုတ်လုပ်ပေးနေတာ...ယူလာပေးမယ်.."

"နေပါစေ ကလေး ဘာသာဆင်းသောက်မယ်..."
"အဆင်ပြေရဲ့လား..."
"ပြေပါတယ်.... အောက်ဆင်းနှင့်နော်"

ပိုင်ပြောလို့သာ အောက်ဆင်းသွားတာ ဦးဟိန်းမှာ နောက်စံတင်းနေသေး....

ပိုင် ရေချိုးလိုက်တော့မှ လူကလန်းသွားသည်။ အဝတ်အစားတွေလဲကာ အောက်ထပ်သို့ဆင်းလိုက်တော့ မီးဖိုချောင်တွင် ကြားရသော အသံများကြောင့် ဆွံ့အလျက်။

"ဟဲ့....ပိတ်လေ...ခင်ဗျားလုပ်တာ တူးတော့မယ်!!"
"ညီရေ...ပိတ်တာ..မရဘူး..."
"မင်းတို့လုပ်တာ တူးနေပြီ...မီးလောင်မယ်"

ပိုင်ဒီအခြေအနေကို ကောင်းကောင်းသိသွားပြီ။ မီးဖိုချောင်သို့ အပြေးသွားပြီး မီးဖိုတွေ ပိတ်လိုက်ရလေသည်။

"ဖယ်နေကြတော့...တူးနံ့တွေ မွှန်ထူနေတာပဲ...ဖယ်!!" ပိုင် ဟောက်လိုက်မှ အားလုံးငြိမ်ကျသွားသည်။

ချက်နေသော ဟင်းကလဲ အမျိုးအမည်ကို ဖော်လို့ပင် မရနိုင်အောင် မဲနေလေပြီ...သုံးယောက်သားကို မျက်စောင်းနဲ့ ကြည့်လိုက်တော့ အားလုံး ငြိမ်ကုတ်သွားသည်။

"အခုချက်ချင်း ဧည့်ခန်းထဲသွားနေ...တစ်ယောက်မှ ဝင်မလာနဲ့.."
"ကလေး"
"တော်!! ဘာသံမှမကြားချင်ဘူး။ သွားဆိုသွားကြ မကြာခင် အိမ်ပါ ပြာချမဲ့သုံးယောက်လုံး"

ပိုင်ဆူလိုက်တာကြောင့် သုံးယောက်လုံး တစ်ခွန်းမှ ပြန်မပြောပဲ ဧည့်ခန်းထဲသို့ သွားရတော့သည်။

Believe (Complete)Where stories live. Discover now