Ji~"ဟာာ..တကယ်လား..ဝမ်းသာလိုက်တာလီလီရာ…
မဂ်လာသတင်းပဲ
lili-"ဘာမဂ်လာသတင်းလဲ…ဒီကောင်မလေးကိုမွေးစားလိုက်လို့
စိတ်ညစ်နေရတဲ့ကြားထဲနင်ကတစ်မျိုး.."
Ji~"ဟာ..နင်ကလည်းဒါညစ်စရာလား..ဒီလောက်ချစ်စရာကောင်း
တဲ့အစ်မတစ်ယောက်ရလိုက်တာ..ကံကောင်းတာပေါ့..
အဟဲငါ့အတွက်လည်းကောင်းတယ်.."
Ji~"နင့်မေမေကမွေးစားလိုက်တာဆိုတော့..မာမီတို့ဘက်ကဘာမှ
ငြင်းစရာမရှိတော့ဘူး..lisaရဲ့အစ်မလို့ပြောလိုက်တာနဲ့
အားလုံးအိုကေပြီ..."
Soe~" ji ရာနင့်ဟာက မုန့်ဆီကြော်ကဘယ်မှာမသိဘူး နှုတ်ခမ်းနာ
ကိစ္စကိုအရင်တွေးပူသလိုဖြစ်နေပြီ.."
Lili-"soeပြောတာမှန်တယ် ji နင့်ဘက်ကတကယ်
စိတ်ဝင်စားတယ်ဆိုရင် လှုပ်ရှားတော့လေဟာ..
.ငါလုံးဝသဘောတူတယ်.."
Ji~"ငါ့ဘက်ကလှုပ်ရှားချင်တာ တစ်ပိုင်းကိုသေလို့..ဒါပေမယ့်
နင့်အစ်မကိုတွေ့ဖို့ဆိုတာက မလွယ်ဘူးလေကွာ.."
Lili-"ဟဲ့ ငါ့အစ်မ မဟုတ်ဘူး..."
Soe~"ဟ..နင့်မေမေက တရာဝင်မွေးစားလိုက်မှတော့
နင့်အစ်မတော်ပြီပေါ့ဟ.."
Lili-"မေမေကသမီးတော်ချင်တော်
ငါကတော့မတော်နိုင်ဘူး..အခုကိစ္စကိုငါလက်မခံဘူး.."
Lili-"မေမေကိုယ်တိုင်က ဒီကောင်မလေးကို
အရမ်းခင်မင်သံယောဇဉ်ကြီးနေလို့ခက်နေတာ.."
Ji~"လီလီနင်သူ့အပေါ်ဘာအငြိုးအတေးတွေရှိနေတာလဲ.."
lili-"ဘာအငြိုးအတေးမှမရှိဘူး.. ငါ့ဘာသာကြည့်မရတာ.."
Ji~"ကြည့်မရရင်လည်း..နောက်ဆို နင်နဲ့ငါက
ယောင်းမတော်ရမှာလေ..ဟဲဟဲ သူငယ်ချင်းယောင်းမလေး..
ငါ့မျက်နှာလေး ထောက်ပြီး နင့်ရဲ့အမုန်းတွေလျော့စမ်းပါ လီလီရာ.."
أنت تقرأ
အမုန်း၏နောက်ကွယ်
أدب الهواة"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa