အမုန်း၏နောက်ကွယ် ep(9)

1.4K 130 15
                                        

*chaeရင်ထဲမှာ တစ်စုံတစ်ခုကိုစိုးထိတ်နေမိတာတော့အမှန် TVဇာတ်လမ်းတွဲတွေကို ဘယ်တုန်းကမှ အိပ်ရေးပျက်ခံ စောင့်မကြည့်တတ်သော လီလီ ဒီနေ့ကျမှ TVရှေ့မှာ ကျောက်ချထိုင်နေတာ ဘာကြောင့်လဲဆိုတာ chae သိသလိုရှိသည်*

*မနေ့တုန်းက ကျောင်းမှ တစ်နာရီကျော်မျှ နောက်ကျ ပြန်လာသော လီလီကို မေမေဆူနေတာ chaeသိသည်*

*တကယ်ဆို chaeကြောင့်ဟု သူထင်နိုင်သည် ဒါပေမယ့် chae မေမေ့ကို သူမဖုန်းဆက်ပြောခိုင်းသည့်အတိုင်း ပြောခဲ့တာဖြစ်သည် ဘာတစ်ခုမှ သူမအပေါ်မေမေ ဒေါသထွက်ရအောင် chaeမတိုက်တွန်းခဲ့ပါ*

*ဘယ်အချိန်လီလီchaeကိုပြသာနာရှာမလဲရင်တထိတ်ထိတ်
စောင့်ရင်း မီးပူတိုက်နေမိဆဲ..မေမေအိပ်ရာဝင်သွားတဲ့အခါမှာတော့ လီလီ အနားရောက်လာတော့သည်..*

Lisa~"ရှင်မီးပူတိုက်နေတာကျွန်မအဝတ်တွေ
တစ်ထည်မှမပါဘူးလား"

Chae~"ဒါ မေမေနဲ့ chaeတို့အဝတ်တွေတိုက်နေတာမို့ပါ မနက်ကျမှ လီလီ အဝတ်တွေ သီးသန့်တိုက်ပေးပါ့မယ်"

Lisa~"ရှင် ဆင်ခြေတွေမပေးပါနဲ့ မတိုက်ချင်ရင် မတိုက်ချင်ဘူးလို့
‌ဗြောင်ငြင်းလိုက်.."

Chae~"ဟို..မဟုတ်ပါဘူး တိုက်ပေးပါ့မယ်.."

Lisa~"ရတယ် ရှင်တိုက်စရာမလိုတော့ဘူး စေတနာမပါဘဲတိုက်တာ
မလိုချင်ဘူး.."

Chae~"chaeမတိုက်ချင်လို့ပြောနေတာမဟုတ်ဘူး lili... တိုက်ပြီးသားအဝတ်အစားတွေအများကြီးရှိတယ်.."

Lisa~"ရှင်တကယ်တိုက်ပေးချင်ရင် ခု ရှင့်တို့အဝတ်အစားတွေ ပြီးပြီပဲတိုက်ပေးလို့ရနေပြီလေ.."

Chae~"chaeအခုသွားယူပြီးတိုက်ပေးပါ့မယ်"

*Chae Youngကသူ့မအဝတ်အစားယူဖို့ထွက်သွားတော့ သူမကျေနပ်စွာ ပြုံးကြည့်နေလိုက်မိသည်*

*ဟိုတစ်ညက  chae young ကိုသူမစာကျက်နေတာကို နှစ်နာရီထိစောင့်ခိုင်းရင်း ဒုက္ခပေးပြီးပြီ ဒီညတော့တမင် Chae Youngကိုဒုက္ခပေးချင်တာကြောင့် သူမ tvရှေ့မှာထိုင်
စောင့်နေခြင်းဖြစ်သည်"

အမုန်း၏နောက်ကွယ်Where stories live. Discover now