"ညက သူမအိပ်မပျော်ခဲ့ပေမယ် မနက် ရှစ်နာရီလောက်မှာ နိုးနေခဲ့ပါပြီ.."
"ဟော..သမီးနိုးလာပြီလား..လာ..ကော်ဖီဝင်သောက်လေ.."
*သူမ စားပွဲမှာဝင်ထိုင်တော့ chae ကဆတ်ကနဲထကာ သူမအတွက်ကော်ဖီဖျော်ပေးသည်..*
*JiJi မျက်ဝန်းတွေကလည်း chae ဆီကကမခွာနိုင်ဖြစ်နေသည်..*
*နှစ်ယောက်သား လည်ပတ်ကြမှာတွေးမိရင် LiLi ရင်ထဲမှာ မကျေနပ်စိတ်တွေ လှိုက်တက်လာရပြန်သည်...*
"သမီး..ပေါင်မုန့် ထောပတ်သုတ်စားလေ.."
"မစားချင်ဘူး..မေမေ..chae.. LiLi ကိုပေါင်မုန့်ကြက်ဥ ကြော်ပေး.."
"အို သမီးကလည်း chae လေးက အပြင်သွားတော့မလို့ ပြင်ဆင်ထားတာကို ခိုင်းနေပြန်ပြီ..."
"ရပါတယ်မေမေရဲ့..လီ..အဲ..ညီမလေးစားချင်လို့လား ကြော်ပေးမယ်လေ.."
*မေမေ့ရှေ့မှာမို့ chae က သူမကို ညီမလေးဟုခေါ်သည်.. သူမတမင်ညစ်ပြီးခိုင်းတာကို chae ရိပ်မိနိုင်၏..
JiJi ကလည်းသူမကို မျက်မှောက်ကုပ်ကာ လှည့်ကြည့်သည်...*
"JiJi သမီးတို့ဘယ်အချိန်ပြန်လာမှလည်း နေ့လည်စာချက်ထားရမှာလား..."
"အပြင်မှာပဲ စားဖြစ်မယ်အန်တီ လျှောက်လည်မယ် ပြီးတော့ chae က ရုပ်ရှင်ကြည့်မယ်ဆို လိုက်ပြဦးမှာဆိုတော့ နောက်ကျမယ်အန်တီ.."
"အေးအေး..ဒါဆိုလည်း ညစာပဲချက်ထားလိုက်မယ်.."
*JiJi နဲ့မေမေစကားပြောနေတုန်းမှာ chae က ပေါင်မုန့်ကြက်ဥကြော်ပန်းကန်ကို သူမရှေ့မှာလာချပေးသည်...*
"ကဲ..သမီးတို့ စားသောက်ပြီးသွားကြတော့လေကွယ်..."
"မေမေနေ့လည်ကျ ဆေးသောက်ဖို့မမေ့နဲ့ဦးနော်..."
*Chae...ဒီလိုအလိုက်သိမှုလေးတွေကြောင့် မေမေသိပ်ချစ်နေတာကို LiLi ကောင်းကောင်းသိသည်...*
"ကဲ..chae သွားရအောင်..အန်တီသွားတော့မယ်နော်.. LiLi တို့ကို ခွင့်ပြုဦးဟေ့..."
*သူမ..ပေါင်မုန့်ကြော်ကိုဝါးရင်း ခေါင်းညိတ်ပြလိုက်ရသည်...*
ВЫ ЧИТАЕТЕ
အမုန်း၏နောက်ကွယ်
Фанфикшн"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa
