အမုန်း၏နောက်ကွယ် ep(11)

1.4K 129 10
                                        

*‌ကျောင်းပတ်ရက်၏ နေ့လည်ခင်းမို့ lisa တစ်ယောက် ခြံထဲက ဒန်းပေါ်စာကျက်နေခိုက် ခြံရှေ့ကို ကားတစ်စီးထိုးဆိုက်လာသည်*

*ကားပေါ်မှ ဆင်းလာတာက စတိုင်ကျကျဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်..သူမလည်းစာကျက်နေရာမှ ထမေးလိုက်သည်...*

"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ ရှင်..."

"တို့က အန်တီAera နဲ့တွေ့ချင်လို့ပါ ညီမလေး"

"‌ဪ..ဟုတ်ကဲ့.."

*မေမေ့ရဲ့ဧည့်သည်ဟု သိလိုက်တာမို့ သူမခြံတံခါးဖွင့်ပေးလိုက်သည်*

"အန်တီ နေကောင်းတယ်မဟုတ်လား ညီမလေး..."

"ဟုတ်ကဲ့.."

"တို့နာမည်KimJisooပါညီမလေး...တို့ကိုညီမလေးမသိပေမယ့်..
တို့ကသိပါတယ်..အန်တီရဲ့သမီးLisa မဟုတ်လား..."

"ဟုတ်ပါတယ် ကျွန်မနာမည် Lisaပါ..unnie Kim Jisoo.."

"Ok Lisa အိမ်ထဲမှာဆုံကျတာပေါ့..."

*Jisoo က ကားပေါ်ပြန်တက်ကာဆင်ဝင်အောက်သို့ မောင်းဝင်သွားတော့၏...*

*ခြံတံခါးကို သူမပြန်ပိတ်လိုက်ပြီး အိမ်ဘက်သို့လျှောက်လာခဲ့လိုက်သည်."

*ဧည့်ခန်းထဲမှာတော့ မေမေနှင့် Kim Jisooတို့နှစ်ယောက်က ရယ်ရယ်မောမော စကားလက်ဆုံကျနေလေသည်...*

"Cho Hee တို့ နေကောင်းကြတယ်မဟုတ်လား..အန်တီကတော့
သမီးရယ်မြင်တဲ့အတိုင်းပဲ..ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ..စိတ်သွားတိုင်ကိုယ်မပါနိုင်တော့ ဘယ်မှမထွက်ဖြစ်သလောက်ပါပဲကွယ်.."

"မာမီနဲ့ ဒယ်ဒီတို့နေကောင်းပါတယ်..အန်တီ့ကိုလည်းအားမငယ်ဖို့..
ပြောလိုက်ပါတယ်..အန်တီ့ပုံစံက ကျန်းကျန်းမာမာ ဝဝဖြိုးဖြိုးပါပဲ
အန်တီရယ် စိတ်ဓာတ်မကျပါနဲ့.."

"အင်းးးအမှန်ပြောရရင် ဒီဘဝ ဒီအခြေအနေကြီးကို အန်တီ အတော်စိတ်ဓာတ်ကျခဲ့တာပေါ့ကွယ်..ဒါပေမယ့်..သမီးလေးchaeရောက်လာပြီးနောက်ပိုင်းမှာအရင်ကထက်လေ့ကျင့်ခန်းတွေပိုလုပ်ဖြစ်တယ်.."

"အန်တီအကြောတွေလည်း လှုပ်ရှားလာနိုင်ပြီ..ပါရဂူကြီးကလည်း
တစ်ပတ်တစ်ကြိမ်လာကြည့်ပေးတယ်လေ.."

အမုန်း၏နောက်ကွယ်Where stories live. Discover now