*တကယ်ဆို LiLi နှင့်မျက်နှာချင်းမဆိုင်ရဲလောက်အောင် Chae ရှက်ရွံ့ထူပူနေတာတော့အမှန် ဒါကြောင့်လည်း LiLi နှင့်စာအတူကျက်ဖို့ ပြောလာလျှင် ငြင်းမည်ဟု ဆုံးဖြတ်ထားခဲ့သည်....*
*ဒါပေမယ့် LiLi ကသိပ်ကိုလည်သည် ထမင်းစားပြီးသည်နှင့် မေမေအရှေ့မှာ စာကျက်ဖို့အဖော်ခေါ်သည်....*
"အင်း..သမီးတို့တောင် စာမေးပွဲနီးပြီနော်... စာကျက်တာလည်းကျက် သိပ်ညည့်မနက်စေနဲ့နော် ကျန်းမာရေးထိခိုက်မယ်..."
"သိပ်ညည့်နက်အထိမကျက်ပါဘူး မေမေရဲ့... ဆယ့်နှစ်နာရီလောက်အထိပဲကျက်မှာပါ...
ဪ.. Chae အိပ်ချင်ပြေ ကော်ဖီတော့ဖျော်ခဲ့နော်..."*Chae ငြင်းမရတော့တာမို့ ခေါင်းညိတ်ပြမိသည်...*
*LiLi က စားကြည့်ခန်းဆီသို့ ပြုံးရွှင်သောမျက်နှာဖြင့် လှမ်းဝင်သွားသည်*
"သမီးလေးစာကျက်ချင်သွားကျက်လေ သိမ်းစရာရှိတာတွေ အဒေါ်ကြီးသိမ်းလိမ့်မယ်..မေမေလည်း အခန်းထဲမှာပဲ နားတော့မယ်...."
*မေမေကိုယ်တိုင်ကတိုက်တွန်းနေပြီးမို့ Chae ကော်ဖီဗန်းလေးကိုင်ကာစာကြည့်ခန်းထဲဝင်ခဲ့တော့၏...*
*စာကြည့်ခုံမှာထိုင်ရင်းက LiLi သူမကိုကြည့်နေမိသည်...*
*Chae သူမကိုမကြည့်ရဲဘဲ ထိုင်ခုံမှာ ထိုင်ခုံမှာဝင်ထိုင်ကာ စာအုပ်ထုတ်ပြီးဖတ်ဖို့ပြင်ဆင်တော့.....*
"Chae..နေကောင်းရဲ့လားဟင်...."
"ဟင်..ကောင်းပါတယ် LiLi..."
"မသိပါဘူး..chae မျက်နှာကနီရဲနေတော့ အဖျားရှိနေသေးလားလို့..မှန်း.."
"အို့.. LiLi..."
"ကိုယ်တော့မပူပါဘူး... LiLi ကိုလိုက်လျောပြီး ဖျားနေရက်နဲ့ စာအတူကျက်ပေးနေမှာစိုးလို့ပါ...."
*LiLi နှုတ်ကစကားတွေသွက်လက်နေသလောက် Chae ဘာစကားမှမဆိုနိုင်ဘဲ နှုတ်ဆိတ်နေမိဆဲ...*
"Chae.. LiLi ကိုရှက်နေတာလား..မနေ့ညကကိစ္စအတွက် LiLi တောင်းပန်ပါတယ်နော်..chae လို့ LiLi မျက်နှာကို ကြည့်ပါအုံးလို့..."
YOU ARE READING
အမုန်း၏နောက်ကွယ်
Fanfiction"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa