"JiJi..chaeကိုခွင့်လွှတ်ပါ..chaeဒီအကြောင်းတွေတကယ်မသိခဲ့တာပါ chae တောင်းပန်ပါတယ်..chae စိတ်ထဲမှာ JiJi ကိုနာကြည်းခဲ့တာတွေအတွက် chae နောင်တရလို့မဆုံးပါဘူး..."
"ဒါနောင်တရစရာမဟုတ်ဘူးလေ chae ရဲ့တမင် chae နာကြည်းအောင်တို့က ပြောခဲ့တာ ဒါမှ chae မခံချင်စိတ်နဲ့ ကြိုးစားမှာပေါ့..."
"JiJi ရဲ့စေတနာတွေကို chae တကယ်နားလည်သွားခဲ့တာ..မေမေ
ပြောတာတွေသိလိုက်လို့ပါ JiJi ရယ်..."
"Chae ကို တို့ကရဲရဲရင့်ရင့်နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ကြိုးစားတဲ့ မိန်းကလေးဖြစ်စေချင်ခဲ့တာ..."
"တို့ တွန်းအားပေးတာတွေ ပြင်းထန်သွားလို့ အရင်တုန်းကလွဲချော်သွားခဲ့ရတာအတွက် တို့စိတ်မကောင်းပါဘူး.."
"JiJi ကို chae အထင်လွဲမိတာအတွက် ခွင့်လွှတ်ပါနော်..."
"Chae ကို JiJi ကအမြဲ ခွင့်လွှတ်နားလည်ပေးပြီးသားပါ chae ရယ်အန်တီ့ရဲ့ သမီးလေးဘဝနဲ့ chae ဘဝလေးငြိမ်းချမ်းနေတာ JiJi ဝမ်းသာတယ်ဆိုတာ chae ယုံထား..ဟုတ်ပြီလား..."
"JiJi နဲ့ Chae တို့ရဲ့အလှပဆုံးပျော်ရွှင်နေပုံတွေက နှစ်ဦးစလုံးကြားမှာအသံမဲ့သော စကားတွေကို ဖော်ကြူးနေသလိုပါပဲ....*
*ဘာကြောင့်မှန်းမသိ ထိုမြင်ကွင်းက LiLi ရဲ့ ဘယ်ဘက်ရင်အုံမှာ စူးခနဲဖြစ်သွားစေသည်..မမြင်လိုသော မြင်ကွင်းကို LiLi ကျောခိုင်းပစ်လိုက်သည်..အလိုမကျနိုင်တဲ့စိတ်တွေ ရင်ထဲမှာ ဘာကြောင့်ပေါ်ပေါက်နေရတာလဲ..LiLi ကိုယ့်ကိုကိုယ်တောင် သတိမထားမိနိုင်ပါ..*
*Chae ကိုလား.. JiJi ကိုလား..မေမေ့ကိုလား..အားလုံးလည်း ဖြစ်နိုင်သည်လေ...*
"ဪ.. JiJi ဘယ်သွားမလို့လဲ.."
*စတိုင်ကျကျ ရှိုးအပြည့်နှင့် ထွက်လာသော JiJi ကို မြင်လိုက်ရတာမို့ LiLi မေးလိုက်မိသည်...*
"Chae ကိုသွားကြိုမလို့ LiLi ရ ..တို့ အားတဲ့ရက်တွေမှာ chae ကျူရှင်ကြိုဖို့ကိစ္စတာဝန်ယူပါရစေလို့..ဒရိုက်ဘာဦးလေးကြီးကို
ပြောထားတယ်"
VOCÊ ESTÁ LENDO
အမုန်း၏နောက်ကွယ်
Fanfic"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa
