"LiLi သမီး နောက်တစ်ပတ်ဆို JiJi တို့မိသားစုတွေ ရောက်လာလိမ့်မယ်သမီး အစ်မနဲ့စေ့စပ်ဖို့ကိစ္စကို မေမေတို့ ဆွေးနွေးတိုင်ပင်ပြီး ရက်သတ်မှတ်စီစဉ်ပေးကြမလို့ကွယ့်..."
*မေမေ့စကားက သူမကိုခြောက်ခြားစေသည်...သူမ chae ကို တကယ်ပဲစွန့်လွှတ်ရတော့မှာလား.. တကယ်ပဲ Chae နဲ့ဝေးရတော့မှာလား...*
*ရင်ထဲမှာခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို သူမဆုံးဖြတ်လိုက်တော့သည်...*
"Chae.. LiLi နဲ့ အပြင်ခဏလောက်လိုက်ခဲ့စမ်းပါ..."
"ဟို..ဘယ်ကိုလိုက်ရမှာလဲ LiLi..."
"LiLi သူငယ်ချင်းလေ မွေးနေ့အတွက်လက်ဆောင်ဝယ်ပေးရမှာ LiLiတစ်ယောက်ထဲမသွားချင်လို့ လိုက်ခဲ့ပေးပါနော် နော်
Chae Unnie..""LiLi ရယ် မေ့သမီးလေးက အစ်မကိုများချွဲနေလိုက်တာ.."
*မေမေကတော့ ညီအစ်မနှစ်ယောက်တည့်နေပြီထင်ပြီ ပျော်နေသည် မေမေ့ရှေ့မှာမို့ LiLi ချွဲနွဲ့ပြီးပြောလိုက်တော့ Chae တစ်ယောက်လည်း မငြင်းနိုင်ခဲ့ပါ..*
*တစ်လမ်းလုံး တိတ်ဆိတ်လိုက်လာတဲ့ Chae ကိုကြည့်ရင်း သူမရင်ထဲမှာကြိတ်ပြီးကြွေးကြော် လိုက်တော့သည်..*
*Park Chae Young ရှင့်ကို ကျွန်မခိုးလာပြီ...*
*သူမကားစက်ရှိန်ကို ပိုပြီး တိုးမြင့်ပစ်လိုက်တော့ Chae မနေနိုင်တော့ပါ..*
"LiLi..ဒါ..ဒါဘယ်ကိုမောင်းနေတာလဲဟင်.."
"Daegu သွားမလို့ ရှင့်ကိုကျွန်မခိုးလာတာ..."
"ဘာ..ဘာရယ်.."
"ဟုတ်တယ် chae.. JiJi တို့ရောက်လာပြီး စေ့စပ်ပွဲလုပ်ရင် LiLi တို့ဝေးရတော့မယ်..ဒါကြောင့် Chae ကို LiLi ခိုးလာခဲ့တာပဲ..."
"ဟင့်အင်..မလုပ်နဲ့ ရပ်..ကားကို အခုရပ် Chae
ကိုအိမ်ပြန်ပို့ပေးပါ LiLi ရယ်..""မပို့ပေးနိုင်ဘူး.. Chae ကိုအဆုံးရှုံးမခံနိုင်ဘူး..အဲ့ဒါ LiLi ရင်ထဲကသစ္စာနဲ့ချစ်ခြင်းပဲ..."
"ငါနင့်ကိုမုန်းတယ် Lisa မေမေ့ကျေးဇူးတရားတွေကို ငါသေတဲ့အထိစောင့်ထိန်းသွားမယ်ဆိုတာ နင်ယုံလိုက်..."
"ကောင်းပြီ Chae..မင်းကိုလည်းငါက သေမှစွန့်လွှတ်နိုင်မှာ ဒီတော့ငါတို့အတူတူသေကြရအောင်..."
"LiLi မ..မလုပ်နဲ့..."
*ကားလေးက လမ်းဘေးက ခြုံနွယ်တွေထဲ တိုးဝင်တိမ်းမောက်သွားတော့သည်...*

BẠN ĐANG ĐỌC
အမုန်း၏နောက်ကွယ်
Fanfiction"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa