*chaeမျက်ဝန်းတွေဝိုင်းစက်သွားခဲ့ရသည်..ကျူရှင်အခန်းထဲကအထွက်မြင်ကွင်းက မယုံနိုင်စရာ...*
*အိမ်ကလာကြိုတဲ့ ကားကိုမှီရင် ရပ်စောင့်နေသူက....Lisa ဖြစ်နေသောကြောင့်ပင်...*
"ဘယ်လိုဖြစ်တာလဲ..လမ်းလျှောက်တာလဲကြာလိုက်တာ..
လှယဉ်ကျေးမယ်ဝင်ရွေးခံနေတယ်ထင်နေလား..."
*အနားရောက်တာနဲ့ မကျေမနပ် စိတ်မရှည်သလို လီလီ ပြောသည်..
ကားနောက်ခန်းတံခါးကိုဖွင့်ပြီး chae ဝင်ထိုင်မယ်ကြံတော့...*
"ဟေ့..အမိ ရှေ့ကတက် မတူသလို မတန်သလိုလုပ်မနေနဲ့.."
"မဟုတ်ပါဘူး..အရင်ရက်တွေကလည်း chaeနောက်ကစီးနေကြမို့ပါ.."
"အခုလာကြိုရတဲ့သူက နင့်ဒရိုက်ဘာမဟုတ်ဘူး..ကဲ..တက်စမ်းပါ..
အမြန်လုပ် စောင့်ရတာသိပ်စိတ်မရှည်ဘူး.."
*Chaeလည်းဘာမှထပ်မပြောတော့ဘဲရှေ့ခန်းက
ထိုင်လိုက်သည်နှင့် Lisa လည်းကားကို မောင်းထွက်လိုက်တော့၏...*
"အခုအိမ်မှာဧည့်သည်တစ်ယောက်ရောက်နေတယ်..
KimJisoo တဲ့.."
"ဟင်.."
"Jisoo ကို ရှင်သိတယ်မလား Chae.."
"ဟုတ် သိပါတယ် LiLi"
*ပြန်ဖြေသည့်chaeမျက်ဝန်းတွေကတည်တည်ငြိမ်ငြိမ်ပါပဲ..
ဒါပေမယ်.သူမရင်ထဲမှာမတည်ငြိမ်နိုင်သောကြောင့်..
လမ်းဘေးအအေးဆိုင်လေးမှာကားကိုထိုးရပ်လိုက်သည်...*
"ခဏလေးဆင်း..အအေးသောက်ရင်း chae ကို မေးချင်တာလေးရှိလို့.."
*Chae ငြင်းလို့ရမှာလည်းမဟုတ်မှန်းသိ၍ဆင်းလိုက်ရပြန်သည်...*
"ဘာသောက်မလဲ chae..."
"ဟင့်အင် ဘာမှမသောက်ချင်ဘူး..LiLi ဘာသာသောက်ပါ..."
"သံပုရာရည်ကြိုက်တယ်မလား..မှာလိုက်မယ်.."
*Chae ခေါင်းသာညိတ်ပြလိုက်မိသည်...*
*မီးပျက်သွားသည့် ညကအဖြစ်အပျက်နောက်ပိုင်းမှာ chae မဝံ့မရဲ
ဖြစ်နေမိသည်..ဘာကြောင့်မှန်းမသိ..LiLi နဲ့မျက်နှာချင်းဆိုင်မိတိုင်း
Chae ရင်တွေလှိုက်ခုန်ရသည်...*
YOU ARE READING
အမုန်း၏နောက်ကွယ်
Fanfiction"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa
