အမုန်း၏နောက်ကွယ် ep(22)

3.7K 134 11
                                        

ထို အဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်းမှာတော့  LiLi နဲ့ Chae တို့ကို
အားလုံးကနားလည်ခွင့်လွှတ်သဘောတူခဲ့သလို..ကံကောင်း‌စေသည့်
အချက်ကတော့...

LiLi ရဲ့မေမေလည်း ခြေထောက်နှစ်ဖက်လုံး ပြန်ကောင်းသွားခြင်းပင်ဖြစ်သည်...

ဒါပေမယ့် ကံကြမ္မာသည် အပြောင်းအလဲများစွာကို ဖြစ်စေသည်ဆိုသည့်အတိုင်း....

"ဘာ..ဘာပြောတယ် Jennie..."

"မင်းမှတ်မိသေးလား..မင်းအမူးလွန်လာတဲ့ညက မင်းနဲ့တို့ ဖြတ်သန်းကုန်ဆုံးခဲ့တဲ့ညလေးကို ပြန်စဉ်းစားကြည့်ပါ့လား..."

"ဟင်..အဲ့ဒါတွေ LiLi ဘာမှမသိဘူး..."

"ဒီလိုအလွယ်မပြောနဲ့ LiLi...တို့မှာခိုင်မာတဲ့သက်သေတွေရှိတယ်..
ဓာတ်ပုံတွေလည်းရှိတယ်..ကဲဘာငြင်းအုံးမလဲ..."

တစ်ဖက်မှဆက်ပြောလာတဲ့စကားတွေကြောင့် LiLi ငြင်းမရတော့ပါ...

"ဟုတ်..ဟုတ်ကဲ့ ကျွန်မ မငြင်းတော့ပါဘူး.."

"Ok လေ မနက်ဖြန် တရားရုံးမှာ မင်းနဲ့တို့ လက်မှတ်ထိုးပြီး လက်ထပ်ကြမယ်  လိပ်စာကိုတို့ မက်ဆေ့ ပို့လိုက်မယ်.."

"ဟုတ်ကဲ့ Jen Jen.."

Lisa နဲ့ဖုန်းပြောပြီး စီစဉ်စရာရှိတာ စီစဉ်ဖို့နဲ့ လိုအပ်တာဝယ်ဖို့ ကားပေါ်အတက် ဝင်လာတဲ့ဖုန်းလေး...

"Hello.."

"Hello! Jennie Kim လား.."

"ဟုတ်ကဲ့  ကျွန်မ Jennie Kim ပါ ဘယ်သူလဲ မသိဘူး.."

"ဟုတ်ကဲ့ ကျွန်မ Jisooပါ ကျွန်မ ရှင်နဲ့စကားနည်းနည်း လောက်ပြောချင်လို့ အချိန်လေးပေးနိုင်မလား..."

"ကျွန်မက ရှင်နဲ့ ဘာပြောရမှာလဲ ပြီးတော့ ကျွန်မရှင့်ကိုမသိဘူး.."

"Chae Young နဲ့ Lisa တို့အကြောင်းဆိုရင်ရော..."

"Ok လေ ကျွန်မလည်းအခုပဲအပြင်သွားမလို့ ဘယ်မှာဆုံမလဲ Jisoo shi.."

"Honey ကော်ဖီဆိုင်မှာဆုံမယ်လေ .."

"အင်းကျွန်မလာခဲ့မယ် ..."
×××××××××××××××××××××××××××××××××××××××××××
ဘယ်သူမှအသိ‌မပေးရဲပဲ Jennie ၏ အစီအစဉ်ဖြင့်ပင် LiLi တစ်ယောက်မဂ်လာဝတ်စုံဖြင့် Jennie ခေါ်ဆောင်ရာတရားရုံးသို့ လိုက်ပါခဲ့ရတော့သည်....

အမုန်း၏နောက်ကွယ်Where stories live. Discover now