"ငါအရှုံးပေးလိုက်ပြီ Lisa"
"ဘယ်လိုဖြစ်တာလဲ ji နင့်ဟာကလည်း စိတ်ဓာတ်ကျလွယ်လိုက်တာ"
"စိတ်ဓာတ်ကျတာမဟုတ်ဘူး Lisa - chae young ဆီက အပြတ်သားဆုံးစကားကို ငါကြားခဲ့ရတာပဲ.."
"နေစမ်းပါအုံး..နင်က chae young နဲ့ ဘယ်နှစ်ကြိမ်ဆုံပြီးလို့လဲ...
ကြိုးစားဖူးလို့လည်း..ပြောစမ်းပါအုံး..."
"ငါ..သူကျူရှက်တက်နေတဲ့ဆီ ခဏခဏရောက်တယ်.."
"နင် တော်တော်လျှိုတာပဲ..ငါတောင်မသိဘူး.."
"လျှိုတာမဟုတ်ပါဘူးဟာ..နင့်ရဲ့အစ်မဆိုတော့ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့သဘောမျိုးနဲ့ပါ Lisa ရယ်..."
"အင်း..ထားပါတော့..နားလည်ပါတယ်..အခု
chae young က နင့်ကိုဘာပြောလို့လဲ.."
"သူမ..ငါ့ကိုမချစ်နိုင်တာသေချာတယ် Lisa..
အံ့ဩစရာကောင်းတာကchae young နဲ့ နင်က ခံယူချက်ချင်း တူညီနေတာပဲ.."
"ဘာရယ်...ငါနဲ့တူတယ်..ဟုတ်လား.."
"ဟုတ်တယ် Lisa..Chae Young ကပြောတယ်..သူ့ဘဝတစ်ခုလုံး ပုံအပ်ပြီး လက်ထပ်မယ့်သူဟာ သူ့နှလုံးသားက ချစ်မြတ်နိုးရတဲ့သူပဲ
ဖြစ်ရမယ်တဲ့..ငါ့ကိုသူ မိတ်ဆွေတစ်ယောက်လို ခင်မင်လို့ရတယ်တဲ့.
အဲ့ထက်မပိုနိုင်တာ အမှန်ပဲတဲ့.."
*Ji စကားတွေကို သူမ တိတ်ဆိတ်စွာပဲ နားထောင်မိသည်..
chaeyoungကသူ့မလိုပဲအချစ်ကိုတန်ဖိုးထား
ကိုးကွယ်တတ်သူတဲ့လား...*
"chae young ကိုငါနားလည်ပါတယ်..သူ့ဆုံးဖြတ်ချက်ကို ငါလက်ခံတယ် အိမ်ထောင်ရေးကိစ္စကို ဦးနှောက်နဲ့ ဆုံးဖြတ်တဲ့ မိန်းမတစ်ယောက်ထက် နှလုံးသားက ဆုံးဖြတ်ချက်ကိုပါ အလေးထားတဲ့ chae young ကို ငါလေးစားတယ်"
"chae young ကို ပိုင်ဆိုင်ခွင့်ရမယ့်သူကတော့
ကံကောင်းမှာသေချာပါတယ်..."
"နင် အရမ်းခံစားနေရလား Ji.."
"သိပ်ပြင်းပြင်းထန်ထန်ကြီးတော့ မခံစားရပါဘူး..ပြီးတော့
chaeyoungကိုစိတ်ဆိုးနာကြည်းစရာလည်းမရှိပါဘူး..သူ့ဘက်ကအရိုးသားဆုံး..ပွင့်ပွင့်လင်းလင်းပြောတာကိုတောင် ငါ ကျေးဇူးတင်လေးစားပါတယ်.."
YOU ARE READING
အမုန်း၏နောက်ကွယ်
Fanfiction"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa
