"ရှင်ဘယ်လိုမေမေ.. JiJi မိဘတွေက မေမေ့ဆီ စေ့စပ်ခွင့်တောင်းတယ် ဟုတ်လားမေမေ..."
"ဟုတ်တယ်သမီး JiJi လေးက မိဘတွေကိုဖွင့်ပြောခဲ့တာတဲ့... JiJi ကိုအိမ်ထောင်ချပေးဖို့ တိုင်ပင်တော့ JiJi လေးကငြင်းတယ်တဲ့..."
"သူမြတ်မြတ်နိုးနိုးချစ်တာ သမီးလေး Chae ကိုတဲ့... သမီးလေးဆီမှာ သူခွင့်တောင်းထားပြီးသားလို့ မေမေ့ကို
JiJi လေးကိုယ်တိုင် ဝန်ခံတယ် ဒါအမှန်ပဲလား သမီး..."
"ဟုတ်ပါတယ် မေမေ..ဒါပေမယ့် သမီးအဖြေပြန်မပေးရသေးပါဘူး.."
"သမီးရယ် မေမေ့ကိုပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ့လား.. JiJi လေးဆိုတာ ဘာမှငြင်းစရာမရှိတဲ့ကလေးမလေးပါကွယ်..."
"ဟို..ဟို..သမီး..."
"ဘာမှရှက်မနေနဲ့သမီး..မေမေကတော့သဘောတူတယ်...ဒါကြောင့်
JiJi လေးမိဘတွေတောင်းဆိုလာတာကိုမေမေလက်ခံလိုက်ပြီးပြီ..."
"ဟင်..."
*Chae ဘာစကားမှမဆိုနိုင်လောက်အောင် တုန်လှုပ်သွားရသည်...*
"JiJi လေးမိဘတွေက သမီးကိုကြည်ဖြူလက်ခံလို့ တောင်းဆိုလာတာဝမ်းသာစရာပဲပေါ့သမီးရယ်...မေမေ့သမီးလေး
ပြည့်စုံချမ်းသာမယ့်ကိစ္စပဲ"
"သမီးချမ်းသာမှုတွေကိုမတပ်မက်ပါဘူးမေမေရယ်..."
"ဘယ်ဟုတ်မှာလဲ သမီးရဲ့ မိန်းမတစ်ယောက်အတွက် ပြည့်စုံချမ်းသာမှုကလည်းလိုအပ်ချက်တစ်ခုပါပဲ...သမီးဘဝ
အနာဂတ် မပူပန်ရဘူးပေါ့..."
"မေမေ့သမီးလေးကံကောင်းလွန်းပါတယ်... JiJi ဆိုတာ ဟိုးအရင်ကတည်းကသမီးအပေါ်သံယောဇဉ်ရှိခဲ့တာ..အချင်းယော အဆင်းယော ပြည့်စုံတဲ့ သူပါကွယ်..."
"JiJi မိဘတွေက တစ်ခါတည်းလက်ထပ်ပေးချင်နေတာ JiJi လေးကစေ့စပ်ထားမယ်တဲ့..သမီးလေးကျောင်းပြီးမှ
လက်ထပ်မယ်တဲ့..."
"မေမေကတော့ JiJi လေးအစီအစဉ်ကိုသဘောကျတယ်.. မေမေ့သမီးလေးနဲ့ မေမေနေချင်သေးတယ်..."
"မေမေရယ်..."
*ရင်ထဲလှိုက်တက်လာတဲ့ ငိုချင်စိတ်တွေကို Chae တင်းမထားနိုင်တော့ပါ..*
VOUS LISEZ
အမုန်း၏နောက်ကွယ်
Fanfiction"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa
