အမုန်း၏နောက်ကွယ် ep(16)

1.4K 135 8
                                    

*စာထဲမှ အာရုံနစ်မျောနေမိသဖြင့် Chae ကိုလည်းမော့မကြည့်မိပါ
သတိရလို့ မော့ကြည့်မိတော့ မြင်လိုက်ရတဲ့မြင်ကွင်းက....*

"ဟယ်တော်.."

*သူမ ရယ်လည်းရယ်ချင် သနားလည်းသနားသွားမိသည်... Chae တစ်ယောက် စာကြည့်စားပွဲမှာခေါင်းငိုက်စိုက်နှင့် အိပ်ပျော် နေလေသည်..*

*Chae ရယ်သနားလိုက်တာ..အိပ်ချင်နေရက်နဲ့တောင် LiLi နဲ့အတူ
စာထိုင်ကျက်ပေးနေတာလားဟင်.. Chae ကိုအနိုင်ကျင့်သလို ဖြစ်နေပြီလား.. LiLi ကိုခွင့်လွှတ်ပါ chae...*

"Chae..chae..."

*သူမပခုံးလေးကိုကိုင်ကာ တိုးတိုးခေါ်ကာ
နှိုးလိုက်မှ chae နိုးလာ၏...*

"ဟင်..အင်..ဘာ ဘာလဲ LiLi..."

"Chae အိပ်ချင်နေတာ LiLi မသိလို့ပါ...
သွားအိပ်တော့နော် chae..."

"ဟို..အဲ..ရတယ် Chae တစ်မှေးလောက်မှေးတာပါ...."

*Chae ထအရပ်မှာ ခန္ဓာကိုယ်က ယိုင်ကနဲဖြစ်သွား၏...*

*သူမစိုးရိမ်စိတ်နဲ့ chae ပခုံးလေးတွေကို ထိန်းကိုင်လိုက်ရသည်...*

"ဘာ...ဘာဖြစ်တာလဲ...chae..."

"အား..ခေါင်းထဲက မိုက်ခနဲဖြစ်သွားတာ..."

*Chae ရဲ့နဖူးပြင်လေးကိုသူမလှမ်းစမ်းကြည့်မိတော့...*
"ဟင်..အသားတွေပူခြစ်နေတယ်..."

"ဟုတ်တယ်...chae ရေချိုးရင်း ခေါင်းလျှော်လိုက်မိလို့ထင်တယ်.. ထမင်းစားတော့ဖျားချင်ချင်ဖြစ်နေတာ..."

"Chae ရယ်ဘာဖြစ်လို့ LiLi ကိုမပြောတာလဲ အိပ်ရေးထပ်ပျက်ရင် ပိုဆိုးမှာပေါ့ အခုဘယ်လိုနေလဲ..ခေါင်းတွေမူးနေ‌သေးလားဟင်..."

"အင်း..ခေါင်းတွေနည်းနည်းအုံနေတယ်..ပြီးတော့ချမ်းစိမ့်စိမ့်လည်းဖြစ်နေတယ်..."

"ခဏလေးစောင့် LiLi ဆေးသွားယူပေမယ် Chae ခဏလေး စောင့်နော်.."

"Chae တားမြစ်ချိန်မရလိုက်ခင်မှာပဲ LiLi က စားကြည့်ခန်းထဲက ထွက်သွားလေသည်...*

အမုန်း၏နောက်ကွယ်Donde viven las historias. Descúbrelo ahora