"ဒုန်း"
"ခွမ်"
"ဟာ"
*မေမေမှာလိုက်သောဆေးအတွက်ဆိုင်ထဲမှာဝယ်နေတုန်း
မှန်ကွဲသံတွေ ကြားလိုက်ရတာမို့ သူမ လှည့်ကြည့်ပြီး မျက်လုံးပြူးသွားရသည်..*
*LiLi ဆိုင်ထဲက အပြေးထွက်ခဲ့မိတော့သည်...*
*ကားနောက်မီးသီးတွေကြွေမွလျက် နောက်ဘန်ဘာတောင် ပိန်ချိုင့်သွားအောင် တိုက်ချက်ကပြင်းသည်...*
*တစ်ဖက်ကိုစိုက်ကြည့်လိုက်တော့ ကားတံခါးဖွင့်ဆင်းလာသူက
မိန်းကလေးတစ်ယောက်...*
"ဟေ့ ဒီမှာ ရှင်ဘယ်လိုလုပ်လိုက်တာလဲ..."
"Sorry.ပါရှင်..ကျွန်မအနူးအညွှတ်တောင်းပန်ပါတယ်ရှင်..."
"တောင်းပန်ရုံနဲ့မရဘူးလေ..ရှင်လုပ်ပုံက သိပ်လွန်းတယ်... ကားရပ်ဖို့နေရာခက်ခဲလွန်းနေရင် ထားပါတော့ ခုဟာက ရှင်းနေတာလေ..."
"ဟုတ်ပါတယ် ကျွန်မအပြစ်ပါ ကျွန်မမှားသွားတာဝန်ခံပါတယ်.... ကျွန်မစိတ်တွေ သိပ်ကိုစိုးရိမ်ပူပန်နေလို့ပါ...."
"ကဲ..ထားပါတော့ အခု ရှင်ဘာတာဝန်ယူပေးမလဲ ကျွန်မကားကတော့ ရှင်မြင်တဲ့အတိုင်းပဲ...."
"အားလုံးကျွန်မတာဝန်ယူပါတယ်..စိတ်တိုင်ကျ ဖြစ်စေရပါမယ်... ဒါပေမယ့် အခုကျွန်မမှာ သိပ်အရေးကြီးတဲ့ကိစ္စရှိနေလို့ သွားမှဖြစ်မယ် ဟောဒီမှာ ကျွန်မကားလိုင်စင်ယူထားပါ..."
"ရှင့် ကားလိုင်စင်ယူပြီး ကျွန်မကဘာဆက်လုပ်ရမှာလဲ ..မရဘူး တစ်ခါတည်းဝပ်ရှော့ကိုသွားကြမယ်..."
"ကျွန်မအနူးအညွှတ်တောင်းပန်ပါတယ်..လက်တလော ကျွန်မရဲ့ဒေါ်လေးအတွက် ဆရာဝန်က အရေးကြီးတဲ့ ဆေးတွေဝယ်ခိုင်းလိုက်တယ် ကျွန်မအချိန်မီ ပြန်ပို့ပေးရမှာမို့လို့ပါ..."
"ဟောဒီဖုန်းပါ ယူထားပါ ကျွန်မဆက်သွယ်ပါ့မယ်..."
*သူမလက်ထဲအတင်းထိုးပေးနေတာမို့ လှမ်းယူလိုက်ရသည်...*
"အိုကေ လိုင်စင်ကဒ်နဲ့ ဖုန်း ကျွန်မယူထားမယ်.. ရှင်ကိစ္စတွေပြီးတာနဲ့ ဆက်သွယ်လိုက်..ကျွန်မရဲ့ကားကို အကောင်းဆုံးဖြစ်အောင်ပြုပြင်ပေးရင်ကျေနပ်ပြီ..."
ESTÁS LEYENDO
အမုန်း၏နောက်ကွယ်
Fanfiction"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa
