"Hello!"
"Hello! Lisa..."
"အင်း ပြော soe..."
"နင်ခုအိမ်မှာလား..ငါတို့အပြင်မုန့်သွားစားရအောင်.."
"အင်း..သွားမယ်လေ လာခေါ်လိုက် ငါစောင့်နေမယ်..."
"အေးအေး နောက်ဆယ်မိနစ်နေရင် Ji Yoo နဲ့ငါလာခေါ်မယ်
အဆင်သင့်ပြင်ထားလိုက်..."
"Ok soe see you soon..."
"LiLi...နင် Hwa Young ကိုအစိမ်းကြီးဖြတ်လိုက်တာတော့ မကောင်းဘူးထင်တယ်နော်.."
"ပြီးသွားပြီ soe တကယ်ဆို ဒီဇာတ်လမ်းကို ငါဖြတ်ချင်နေတာ ကြာပြီ..အဲ့ဒီနေ့ကမထင်မှတ်ဘဲ သူ့အလိုလိုဇာတ်သိမ်းသွားတာ..."
"မဟုတ်သေးဘူး..သူအတော်ခံစားလိုက်ရရှာတာဟ..
အဲ့ဒီနေ့ကအဖြစ်အပျက်တွေကို သူ ငါနဲ့ soe ဆီရင်လာဖွင့်သွားတယ်..."
"ဘာတွေပြောသွားသေးလဲ Ji Yoo..."
"နင်လုပ်ခဲ့တဲ့ကိစ္စနင်သိမှာပေါ့..."
"ဟုတ်တယ် Lisa.. Ji Yoo ပြောတာအမှန်ပဲ... Hwa Young က နင့်ကိုတကယ်ချစ်တာဟ..."
"ငါမှသူ့ကိုမချစ်ဘဲ...နင်တို့သိပါတယ် ငါသူ့ကိုလိုက်ကတည်းက ကြေညာပြီးသားကိစ္စပါ..."
"ဒါပေမယ့်သူကတော့ နင့်ကိုတကယ်ချစ်တာသေချာတယ်... ငါတို့နှစ်ယောက်ကိုရင်ဖွင့်သွားတယ်နင်ရည်းစားများတာ သူသိတယ်တဲ့..ဒါပေမယ့် နင့်ကိုသူတကယ်မြတ်နိုးလို့
လက်ခံခဲ့တာတဲ့..."
"နင်သူ့ကိုနှစ်နှစ်ကာကာမရှိတာသိပေမယ့်..နင်နားလည်လာမလားလို့ သူစောင့်နေခဲ့တာတဲ့..အပြန်အလှန် မေတ္တာတရားကို သူမျှော်လင့်နေခဲ့တာ..."
"ငါရိပ်မိပါတယ် ဒါပေမယ့် သူ့ကိုငါချစ်လို့မရဘူး... ဒါရင်ထဲကအလိုလိုဖြစ်နေတဲ့ကိစ္စ ငါဘာမှမတတ်နိုင်ဘူး..."
"သူအတော်ခံစားနေရရှာတာ တို့နှစ်ယောက်ရှေ့မှာတောင် ငိုသွားတယ်...ငါတို့ကလည်းဘာမှမနှစ်သိမ့်နိုင်ဘူး..."
"Hwa Young ကအားလုံးပြည့်စုံတယ်..နင့်ကိုလည်းချစ်တယ်..
နင်သူ့ကိုရွေးချယ်သင့်တယ် Lisa.."
ВЫ ЧИТАЕТЕ
အမုန်း၏နောက်ကွယ်
Фанфикшн"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa
