Lili-"Park Cha Young"
chae~"အမေ့.."
*လီလီ အခန်းထဲကိုဝင်ရှင်းဖို့ပြင်နေတုန်းမှာ
အနောက်ကရောက်လာပြီးခေါ်လိုက်သောမတော်တဆအသံကြောင့်
chae ခန္ဓာကိုယ်လေးတောင် ဆက်ကနဲတုန်သွားရသည်*
Lili-"ရှင် ကျွန်မအခန်းထဲ ဘာ၀င်လုပ်နေတာလဲ
park chae young.."chae~"ဟို..ဟို အခန်းရှင်းပေးမလို့ပါ ညီမလေး.."
Lili-"အဲ့ဒီအခေါ်အဝေါ်ကြီးကိုမသုံးစမ်းပါနဲ့ ကျွန်မလုံးဝမကြိုက်ဘူး.."
Chae~"ဟို.ဟိုမေမေခေါ်ခိုင်းထားလို့ပါ Lisa မကြိုက်ရင် chaeမခေါ်တော့ပါဘူး.."
Lili-"အင်း ကျွန်မ မကြိုက်ဘူး မေမေ့ရှေ့မှာမို့ ရှင့်ကိုကျွန်မ အလိုက်သင့်ဆက်ဆံပေးနေတာ ရှင်သိထားပါ.."
Lili-"မေမေကသာ ရှင့်ကို သမီးလို့သတ်မှတ်ချင်သတ်မှတ်မယ် ကျွန်မကတော့ မသတ်မှတ်နိုင်ဘူး park chae young .."
*ရင့်သီးမာထန်လှသော သူမစကားတွေကြောင့် chae ရင်ထဲမှာ နင့်ခနဲ ဝမ်းနည်းကြေကွဲရသည်*
Lili-"ဟေ့ ဒီမှာရှင့်ကိုကျွန်မပြောတာ ဘာမှားလို့ မျက်ရည်ဝဲနေရတာလဲ..ကျွန်မပြောတာအမှန်တရားတွေပဲလေ..ဘာလဲ ရှင်က မေမေတရားဝင် အမွေစား အမွေခံ မွေးစားလိုက်တာနဲ့ပဲ ရပိုင်ခွင့်တွေ အားလုံးရလိုက်ပြီထင်လို့လား.."
*Chae ရင်ထဲမှာလှိုက်တက်လာကာ မျက်ရည်စတွေကြားက ခေါင်းကိုခါယမ်းပြမိ၏*
Lili-"အင်း ရှင့်ဘဝအခြေအနေမှန်ကိုသိထားဖို့လိုအပ်တယ် မေမေစိတ်ဆင်းရဲမှာစိုးလို့ ကျွန်မခေါင်းညိမ့်ပေးခဲ့တယ် မေမေ့ရဲ့ သနားတတ်တဲ့စိတ်ကို ရှင့်ရဲ့မျက်ရည်တွေနဲ့ သိမ်းပိုက်ချင်
သိမ်းပိုက်လို့ရမယ်..ကျွန်မကိုတော့မရဘူး park chae young"Lili-"ဒီမှာ park chae young ကျွန်မရဲ့အဝတ်အစားတွေ ရှင်ပဲကိုယ်တိုင်လျော် ကိုယ်တိုင်မီးပူတိုက်ပါ အဒေါ်ကြီးကိုမခိုင်းပါနဲ့ မွေးစားသမီးဆိုပြီး အဒေါ်ရင်းကိုအိမ်ဖော်လိုမျိုး ခိုင်းတာ ငါမမြင်ချင်ဘူး"
![](https://img.wattpad.com/cover/251743378-288-k278026.jpg)
YOU ARE READING
အမုန်း၏နောက်ကွယ်
Fanfiction"ရှင်ကျွန်မကိုအဲ့လောက်တောင်မုန်းလား" #park chae young "မင်းဟာငါ့အတွက်တော့ဂြိုလ်ဆိုးပဲ park chae young" #lisa