BOL 4

100K 8.2K 1.9K
                                    

Unicode 

At 8:00 AM,

Ring...Ring...📱

"​Hello Boss"

"ပြော စစ်နိုင်"

"ဟုတ်ကဲ့ ဒီမနက် Acting Course ကို Bossပြောထားတဲ့ Bossမိတ်ဆွေရဲ့သားဆိုတဲ့ ကောင်လေးရောက်လာပါတယ်"

"အင်း ငါသိတယ် သေချာဂရုစိုက်ပေးလိုက် လိုတာလည်းအကုန်လုပ်ပေးလိုက် ငါ့မိတ်ဆွေကိုမျက်နှာမပျက်ချင်ဘူး ငါလည်းမကြာခင်လာတော့မယ်"

"ဟုတ်ကဲ့ Boss အဲ့တာက ပြဿနာလေးနည်းနည်းတက်နေလို့"

"ကျစ်! ဘာပြဿနာလဲ သူဖြစ်ချင်တာလုပ်ပေးလိုက်"

"မဟုတ်ဘူး Boss သင်တန်းက Trainerတွေအားလုံးကို သဘောမကျဘူးလုပ်နေတယ်။ ကျွန်တော်လည်းအားနာလာပြီ။ ကျွန်တော်တို့ သူ့စိတ်ကြိုက်ပြောင်းပေးနေတာတောင်မဆင်မပြေဘူး Bossအဲ့တာကျွန်တော်ဘာလုပ်ရမှန်းမသိတော့လို့"

အတွင်းရေးမှူးစစ်နိုင်၏စကားအဆုံး၌ ဆက်နေရောင် စိတ်အလိုမကျစွာ ခေါင်းကိုတစ်ချက်ခါလိုက်ရင်း..

"Ok ငါအခုလာခဲ့မယ် သူ့ကိုနည်းနည်းအဆင်ပြေအောင်ပြောထားလိုက်"

"ဟုတ်ကဲ့ Boss"

ဆက်နေရောင် Phပြောပြီးသည်နှင့် အခန်းအပြင်သို့ထွက်လာခဲ့လိုက်ပြီး ညီဖြစ်သူ၏အခန်းဆီသို့ဦးတည်လိုက်သည်။
မနက်ခင်း ၇နာရီလောက် breakfastစားပြီးကတည်း မတွေ့မိတော့တာကြောင့် အခန်းတံခါးအားခေါက်ကြည့်တော့ တုံ့ပြန်သံမကြားပေ။
အောက်ထပ်သို့ဆင်းပြီးရှာသော်လည်းမရှိတာကြောင့် အိမ်အကူဒေါ်ကြီးမြအားမေးမြန်းရင်း ခြံထဲဆင်းလာခဲ့လိုက်သည်။

ခြံထဲကိုရောက်တော့ ပန်းပင်တွေကြားကခုံပေါ်မှာထိုင်ပြီး Phပြောနေသည့်ငယ်လေးကိုတွေ့လိုက်ရတာကြောင့်ခပ်မြန်မြန်လျှောက်သွားလိုက်သည်။ ဘာတွေကိုအလိုမကျဖြစ်နေသည်မသိ စိတ်ရှုပ်နေသယောင်ထင်ရသောမျက်နှာလေးကလည်း စူပုပ်ပုပ်ဖြင့်။

"ငယ်လေး"

"ဟင်! ကိုကို!!"

"ဘာဖြစ်တာလဲ ငယ်လေးရဲ့ ကိုကိုလာတာနဲ့ဘာလို့Phချလိုက်တာလဲ"

Boundaries Of Love [ Completed ]Where stories live. Discover now