BOL 18

90.5K 6.3K 812
                                    

Unicode

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်..."

တစ်ဖက်ကစကားမဆုံးခင်မှာပဲ Ph noလေးမှာ Call endနှိပ်ခြင်းခံလိုက်ရသည်။ အကြိမ်ကြိမ်အခါခါခေါ်ဆိုနေခဲ့သည့်ထိုPh noလေးဆီမှ ထိုကဲ့သို့သောတုန့်ပြန်မှုတွေကိုသာ အခါခါပြန်လည်ရရှိခဲ့တာကြောင့် မိုးညရောင် တိတ်ဆိတ်စွာငိုကျွေးခြင်းကိုစတင်တော့သည်။ လက်ထဲက Phကိုလည်းကြမ်းပြင်ဆီသို့ပစ်ပေါက်ရင်း ထောင်ထားသည့် ဒူးတွေပေါ်ခေါင်းတင်လျှက် ခံစားရသမျှငိုကျွေးနေတော့သည်။

သုံးရက်။ သုံးရက်တောင်ရှိခဲ့ပြီ။ ဇိန်းနဲ့အဆက်အသွယ်မရခဲ့သည်မှာ ဒီနေ့နဲ့ဆိုသုံးရက်တောင်ရှိခဲ့ပြီ။ ထိုသုံးရက်အတွင်း သူ့ဆီကိုဇိန်းကစပြီးမဆက်သွယ်ခဲ့ပါ။
ဇိန်းတစ်ခုခုများဖြစ်နေလို့လား။ ဒါမှမဟုတ် သူ ကိုကို့နောက်ကိုပြန်လိုက်သွားခဲ့လို့များ ဇိန်းကသူ့ကိုစိတ်ဆိုးနေခဲ့ခြင်းလား။ သူပျောက်သွားခဲ့တာကိုတောင် ဇိန်းကသိရဲ့လား။ မဟုတ်ရင်တောင်သူ့Phကိုဘာလို့မကိုင်ရတာလဲ။
ပြီးတော့ ကိုကို့ဆီက ဇိန်းကိုဘာမှမလုပ်တော့ပါဘူးဆိုတဲ့ ကတိကို သူကိုယ်တိုင်အကြိမ်ကြိမ်တောင်းဆိုထားခဲ့တာပဲမဟုတ်လား။ တစ်ခုခုဖြစ်နေတာမဟုတ်ခဲ့ဘူးဆိုရင်တောင် သူ့Phကိုကိုင်ဖို့မအားလောက်သည်အထိ ဇိန်းကဘာတွေများအလုပ်ရှုပ်နေခဲ့လို့လဲ။
ထို့ကဲ့သို့သော လားပေါင်းစွာတို့ဖြင့်မရေရာသည့်မေးခွန်းတွေ၏အဖြေအား သူ သေသေချာချာကိုသိချင်မိပါသည်။

ဇိန်းကတကယ်ပဲသူ့ကိုချစ်ရဲ့လားတောင် ဝေခွဲလို့မရတော့ဘူး။ ဇိန်းက ဘယ်လိုလူမျိုးဆိုတာကိုလည်းနားမလည်နိုင်တော့ဘူး။ သူ့အပေါ်ကို အမြဲတစေအပြောအဆိုကြမ်းတမ်းတဲ့ကောင်လေး တစ်ခါတလေစိတ်မရှည်စွာဆဲဆိုအော်ဟစ်တတ်သေးတဲ့ကောင်လေး သူကသိပ်ချစ်ရတဲ့ကောင်လေး။ သူ့အတွက်ပျော်ရွှင်မှုဆိုတာ ဘယ်လိုအရာမျိုးလဲကိုယ်အသေအချာမသိပေမဲ့ ကိုယ့်အတွက်တော့ ပျော်ရွှင်မှုဆိုတဲ့အရာက ဇိန်းဆိုတဲ့လူသားဆီမှာပဲဖြစ်တည်နေခဲ့တာ။ သူချစ်တဲ့အဲ့ဒီလူသားဆီမှာ သူ့တစ်ဘဝလုံးကိုပေးဆပ်ဖို့ တခဏအတွင်းမှာပဲ စိတ်ပိုင်းဖြတ်ခဲ့တာ။ ဒါတွေက တကယ်ရောအရာဝင်ခဲ့ပါ့မလား။ မင်းက ဘာလဲ ဇိန်းရယ်။

Boundaries Of Love [ Completed ]Where stories live. Discover now