BOL 16

110K 6.7K 1.8K
                                    

Unicode

"မောင့်!"

မိုးညရောင်ရဲ့ဆို့နစ်စွာအော်ဟစ်လာခဲ့တဲ့ အသံက အခန်းတစ်ခုလုံးထဲမှာဟိန်းထွက်သွားတယ်။ ဒါက သူ မောင့်ကိုပြောဖူးခဲ့တဲ့စကားတွေထဲမှာတော့ အရင့်သီးဆုံးပဲ။

"ခင်ဗျားကျုပ်ကို မအော်နဲ့ မိုးညရောင်! ..ကျုပ်ဘယ်လိုကောင်လဲဆိုတာ ခင်ဗျားအစတည်းကသိရက်နဲ့ယူခဲ့တာမဟုတ်လား...အခုမှဘာတွေအရေးကြီးခွင်ကျယ်လုပ်နေတာလဲ"

ဇိန်း၏နှုတ်ဖျားက ရင့်ရင့်သီးသီးထွက်ကျလာခဲ့သည့်စကားတွေကြောင့် မိုးညရောင် လက်သီးတွေကိုတင်းနေအောင်ဆုပ်လိုက်မိသည်။ အရာအားလုံးကိုစွန့်လွှတ်ပြီးမှ မောင့်နောက်ကိုလိုက်ခဲ့တာ မောင့်ကိုတခြားသူတွေနဲ့ ခွဲဝေပြီးချစ်ဖို့အတွက်မဟုတ်ဘူး။ အဲ့လောက်ထိ သဘောထားကြီးပေးရအောင်ထိလည်း မိုးညရောင်က မအဘူး။ ဇိန်းဆိုတဲ့ဖြစ်တည်မှုက သူတစ်ယောက်တည်းအတွက်ပဲ သီးသန့်ဖြစ်ရမယ်။

"အဲ့မိန်းကလေးက မောင့်အတွက်ဘာတွေအရေးကြီးနေလို့လဲ.. အိမ်ထောင်ရှိတဲ့ယောကျာ်းတစ်ယောက်နဲ့တောင် ပေါ်ပေါ်တင်တင်တွဲရဲတာ ဘယ်လိုမိန်းကလေးမျိုးလဲ.. "

"ခင်ဗျားပါးစပ်ကိုပိတ်ထားလိုက်တော့! ထပ်မပြောနဲ့"

"မသွားနဲ့ မောင်မသွားရဘူး...သူ့ဆီလုံးဝမသွားရဘူး.. "

ပြောပြီးတာနဲ့အပြင်ထွက်သွားဖို့ပြင်နေတဲ့ ဇိန်းကြောင့် အလျင်အမြန်ပဲ တံခါးအရှေ့မှာပိတ်ရပ်ပစ်လိုက်သည်။ ဇိန်းကတော့ စိတ်ရှုပ်သလိုကြည့်လာပြီး အဲ့ဒီမျက်လုံးတွေထဲမှာတော့ ဒေါသအရိပ်အယောင်တွေကို ထိန်းချုပ်ထားကြောင်း အထင်းသားမြင်နေရသည်။

"မိုးညရောင် ခင်ဗျားဖယ်စမ်း..ကလေးဆန်လိုက်တာ"

"ည မောင့်ကိုသတိပေးနေတာနော်..မင်း သူနဲ့လုံးဝထပ်မတွေ့ရဘူး..မဟုတ်ဘူး..တခြားဘယ်သူနဲ့မှမတွေ့ရဘူး..ကျန်တာကြိုက်တာလုပ်..ဘာပဲဖြစ်ဖြစ် ညခွင့်လွှတ်ပေးမယ်.."

ထိုစကားတွေအဆုံး၌ ဇိန်းရဲ့ နှုတ်ခမ်းတစ်ဖက်က သိသိသာသာတွန့်ကွေးသွားတယ်။ ပြီးနောက် သူ့မျက်လုံးအားတည့်တည့်ကြည့်ကာ အကြောက်အလန့်မရှိ အေးစက်စွာအမိန့်ပေးနေတဲ့ မျက်စိရှေ့ကကောင်လေးကို စူးစိုက်ကြည့်ရင်း​ဆိုလိုက်သည်။

Boundaries Of Love [ Completed ]Where stories live. Discover now