BOL 35

85.6K 3.9K 539
                                    

Unicode

"Jay ဒီတစ်ပတ်အတွက်Scheduleတွေကို နောက်၂ရက်အတွင်းအားလုံးအပြီးသတ်မယ်။ ပြီးတာနဲ့မြန်မာပြည်ပြန်ဖို့စီစဥ်တော့"

"ဟုတ်ကဲ့ ​ကျွန်တော့်အထင်တော့၂ရက်အတွင်းဆိုတာတော့အပြီးသတ်ဖို့ခက်ပါလိမ့်မယ် Boss လေလံပွဲအတွက်လည်းအချိန်ပေးဖို့ရှိသေးတော့ ..."

သူ့စကားမဆုံးခင်မှာပဲ တဖြည်းဖြည်းနှင့် အလိုမကျသလိုမျိုး မျက်ခုံတန်းတန်းတွေကွေးညွှတ်လာသည့်Bossကြောင့် အတွင်းရေးမှူးJayက ပြောလက်စ စကားကို ရုတ်ချည်းရပ်တန့်ပစ်လိုက်သည်။
ချက်ချင်းပင် Bossဖြစ်သူ၏ Laptop Screenကိုကြည့်နေသည့်မျက်လုံးစူးစူးတွေက သူ့ဆီကိုရောက်လာခဲ့တာကြောင့် ဟန်ကိုယ်ဖို့ရင်း ခါးကိုမတ်မိလိုက်သည်။

"တတ်နိုင်သမျှအမြန်ဆုံးလုပ်ကွာ၊ မင်း မပြန်ရလို့ မြန်မာပြည်မှာ မင်းကိုမျှော်နေမဲ့သူမရှိဘူး၊ ငါကတော့မင်းနဲ့မတူဘူး... ငါဒီကိုရောက်နေလို့ အိမ်မှာငါ့ကိုမျှော်နေပြီးလွမ်းနေမဲ့သူလေးရှိတယ်၊ အလုပ်ကိုအမြန်ဆုံးလုပ်!"

မချီအပြုံးကြီးကိုသိသိသာသာပြုံးရင်းပြောလာသည့်Bossဖြစ်သူ​၏စကားအဆုံး၌ အတွင်းရေးမှူးJayက ပုံမှန်အတိုင်းပင် အသာတကြည်ပြုံးလိုက်ပြီး...

" ဟုတ်ကဲ့Boss ကျွန်တော်စီစဥ်လိုက်ပါ့မယ်၊ လေလံပွဲကိုတော့ ဒီညတက်ရမှာပါ"

ဘာမှမဖြစ်သလို ခပ်တည်တည်ပင်တုန့်ပြန်နေပေမဲ့ သူ့အတွင်းရေးမှူးက သူ့စကားကြောင့်ကျိန်းသေပေါက်အရှိုက်ထိသွားမည်ကိုတော့ ဇိန်း သိသည်။
ဒီလိုဖြစ်အောင်လည်း တမင်တကာဖဲ့လိုက်ခြင်းဖြစ်သည်။

"ဟုတ်ပြီ သွားဖို့စီစဥ်ထားလိုက်! အဲ့ဒီပစ္စည်းကို ငါကိုယ်တိုင်ကျိန်းသေပေါက်ရအောင်ယူရမယ်"

"ဟုတ်ကဲ့ ကျွန်တော်အားလုံးစီစဥ်ထားလိုက်ပါ့မယ်"

ဇိန်းက အခန်းအပြင်သို့ထွက်သွားသည့် သူ့အတွင်းရေးမှူးကို တစ်ချက်ကြည့်လိုက်ရင်း  နှုတ်ခမ်းတစ်ဖက်ကိုတွန့်ချိုးရုံပြုံးလိုက်သည်။

ထို့နောက်အကြည့်တွေက Laptop Screenမှာပေါ်ကိုပြန်ရောက်လာခဲ့ပြီးScreenပေါ်မှာရှိနေသည့်Coupel Ringလေးတစ်စုံကို Zoomဆွဲကြည့်လျက် ကျေနပ်စွာပြုံးလိုက်သည်။

Boundaries Of Love [ Completed ]Where stories live. Discover now