BOL 7

93.5K 7.3K 2K
                                    

Unicode 

နေ့သစ်တစ်ခု၏ အာရုံဦးအချိန်၌ မိုးညရောင် နိုးထလာခဲ့သည်။ ပုံမှန်နိုးနေကျအချိန်၌ မျက်လုံးတို့က အလိုလိုပွင့်လာခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ကသိပ်မလန်းဆန်း။ မနေ့ညက ညည့်နက်မှအိပ်ယာဝင်ခဲ့တာကြောင့်ဖြစ်လိမ့်မည်။ နာရီကိုကြည့်မိတော့ မနက်၇နာရီခွဲခန့်။ ဆူညံနေသည့်Alarmသံကိုဦးစွာပိတ်လိုက်ပြီး ပျင်းကြောတစ်ချက်ဆန့်ကာ လှဲနေရာမှ ထထိုင်လိုက်သည်။ ပြီးနောက် မျက်လုံးတို့ကိုမရမကဖွင့်ရင်း ဘေးခုံပေါ်မှPhကိုယူကာ မိမိ၏ချစ်ရသူဆီသို့ morningဆိုသည့်messageလေးတစ်ကြောင်းပို့ထားလိုက်သည်။ Replyပြန်မလာမှာသိသော်လည်း ဒါသူအမြဲလုပ်နေကျတာဝန်လေးပဲမဟုတ်လား။

မျက်လုံးတို့ကပွင့်သည်နှင့် တစ်ဆက်တည်း အတွေးတို့ကချစ်ရသူဆီသို့။ တစ်နေ့တာကို စတင်လိုက်သည်နှင့် ဦးစွာသတိရမိသည်က မိမိ၏ချစ်ရသူ လူဆိုးကောင်လေးပင်။ မနေ့ညက အဖြစ်အပျက်တို့က မျက်လုံးထဲတရိပ်ရိပ်နှင့်ပေါ်လာသည်နှင့်အမျှ နှုတ်ခမ်းတို့ကလည်း အလိုလိုကွေးညွှတ်ပြီးသား။ သူမွတ်သိပ်စွာနမ်းရှုံ့ခဲ့သည့် ကိုယ့်နှုတ်ခမ်းပါးကို ခပ်ဖွဖွလေး ထိကိုင်မိတော့ ရင်ခုန်နှုန်းတွေက အတားအဆီးမဲ့စွာ မြန်ဆန်လှုပ်ရှားလာ၏။ သူ့အနမ်းတွေက သိပ်ကိုဆွဲဆောင်အားပြင်းသည်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါပဲဖြစ်ဖြစ် သူ့အတွက် စိတ်လှုပ်ရှားနေရတုန်းပဲ ပြီးတော့ ရင်ခုန်နေရတုန်းပဲ။ ငယ်ငယ်တည်းက အခုအသက်အရွယ်ထိ သစ်ရွက်လေးလှုပ်တာကိုတောင် ရင်မခုန်ခဲ့ဖူးတဲ့ကိုယ်က ဇိန်းလို အချိုးမပြေတဲ့လူဆိုးကောင်လေးကိုမှ ဘာကြောင့်အသည်းနင့်အောင်ချစ်မိသွားသည်လည်းမပြောတတ်။ ဖြစ်ချင်တော့လည်းအရူးအမူးပဲ။

သူ့လိုယောကျာ်းတစ်ယောက်က တခြားယောကျာ်းတစ်ယောက်ကို ချစ်ခင်စုံမက်ရလိမ့်မယ်လို့ တခဏပင်အတွေးမဝင်ဖူးခဲ့။ အခုအသက်အရွယ်ထိ သူမိန်းကလေးတွေကို သဘောမကျခဲ့ဖူးတာမှန်ပေမဲ့ ယောကျာ်းလေးတွေကိုလည်း ရင်မခုန်ခဲ့ဖူးတာသေချာသည်။ ဒါကိုပုံမှန်ပဲလို့သူတွေးခဲ့တာ။

အမှန်တိုင်းပြောရရင် အချစ်ဆိုတဲ့စကားလုံးကိုသူအယုံအကြည်မရှိခဲ့တာအမှန်။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ပတ်ဝန်းကျင်ကြောင့် အချစ်ဆိုတာတကယ်မရှိဘူးလို့ သူလက်ခံထားခဲ့တာ။ ယူဆခဲ့တာ။ သို့သော် ကိုယ်သတ်မှတ်ထားခဲ့တဲ့ အဲ့ဒီအချိန်တွေက အခုတော့သတ်တမ်းစေ့ပြီထင်ပါရဲ့..။ သူ့ရဲ့ရင်မခုန်တက်သေးတဲ့ နှလုံးသားတစ်စုံက တခဏအတွင်းမှာပင် အဲ့ဒီအချိုးမပြေတဲ့ လူဆိုးကောင်လေးဆီမှာ လှလှပပကြီးကိုကျဆုံးခဲ့ပြီးပြီ။ အချစ်ဟာတကယ်ရှိကြောင်းသက်သေပြခဲ့ပြီ။ ခက်ခက်ခဲခဲနဲ့ဖြစ်တည်လာခဲ့တဲ့ အဲ့ဒီရင်ခုန်သံတွေကို သူသိပ်တန်ဖိုးထားသည်။ အဲ့ဒီရင်ခုန်သံတွေရဲ့ပဲ့ကိုင်ရှင်လေးကိုလည်း သူသိပ်ချစ်သည်။

Boundaries Of Love [ Completed ]Where stories live. Discover now