BOL 5

97.4K 9.9K 2.3K
                                    

Unicode 

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"

Phထဲမှ ထိုကဲ့သို့သောဖြေကြားသံနှင့်အတူ ည တစ်ယောက် စိတ်ပျက်လက်ပျက်သက်ပြင်းသာချမိနေသည်။
ည ဇိန်းအား အဖြေပေးခဲ့သည့်ထိုနေ့ကတည်းကစပြီး ဇိန်း ပျောက်နေသည်မှာ ဒီနေ့နဲ့ဆိုသုံးရက်ပင်ရှိလုခဲ့ပြီ။

Phအကြိမ်ကြိမ်ခေါ်ဆိုနေခဲ့သော်လည်း ထိုသို့သော စက်ပိတ်ထားသည်ဟူသည့်ဖြေကြားသံကိုသာ အကြိမ်ကြိမ်ပြန်ကြားနေရသည်။ သူဘယ်မှာ ဘာတွေလုပ်နေသည်လဲဆိုတာ ညမပြောတတ်။ သူပျောက်နေသည့်သုံးရက်အတွင်း သူနေသည့်တိုက်ခန်းကို စုံစမ်းပြီးလိုက်သွားတော့မှ အလုပ်ကိစ္စတစ်ခုကြောင့် ခရီးထွက်သွားသည်ကိုသိခဲ့ရသည်။ ဘာအလုပ်​တွေကြောင့် ဘယ်ကိုသွားနေသည်ဆိုတာကိုတော့ သူနဲ့နေသည့်လူက တိတိကျကျရယ်လို့မပြောခဲ့ပေ။

သူအဆင်ပြေပြေမှရှိနေရဲ့လား..။ ဘာ​အလုပ်ကိစ္စမို့Phကိုပိတ်ထားရသည်လဲ...။ ညစိတ်ပူနေမှာကိုရော သူမသိဘူးလား။
ထိုသို့သော မေးခွန်းပေါင်းများစွာတို့​ကြောင့် ည အိပ်မပျော်ခဲ့ဖြစ်ခဲ့ရသည်မှာ သူပျောက်သွားသည့်နေကတည်းကပင်။ တော်တော်ကိုစိတ်ဒုက္ခပေးနိုင်တဲ့လူဆိုးကောင်ရယ်ပါ။
သို့သော် အခုချိန်မှာ ဘယ်လိုကိစ္စတွေပဲရှိရှိ သူအဆင်ပြေဖို့ဆုတောင်း​ပေးနေရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့။

ည တစ်ယောက် ထိုကဲ့သို့သော အတွေးပေါင်းများတို့အား ခေါင်းထဲက ခဏထုတ်ထားရင်း ရေးဆွဲလက်စ ပန်းချီကားကိုသာ အာရုံစိုက်နေလိုက်သည်။
သူပျောက်သွားသည့် သုံးရက်အတွင်းရေးဆွဲခဲ့သည့် ပန်းချီကားချပ်လေးမှာ ပြီးစီးလုနီးပါဖြစ်နေခဲ့ပြီ။

"မင်းသိလား ဇိန်း မင်းသိပ်ကိုတွန့်တိုတဲ့ မင်းရဲ့အပြုံးလေးကိုလေ ငါအမြဲထိုင်ကြည့်နေတော့မှာ မင်းဘာတတ်နိုင်သေးလဲ"

မိမိရှေ့က ပန်းချီကားလေးထဲမှ ကောင်လေး၏ အပြုံးလေးတွေကတော့ သိပ်ကိုအသက်ဝင်နေလေရဲ့..။ စက္ကန့်ပိုင်းလောက်သာ မြင်ရလိုက်ရသည့် သူ့အပြုံးလေးက ည၏ ရင်ကိုလှုပ်ခက်စေရုံသာ မက ည၏ အတွေးတွေ အာရုံတွေကိုပါ အချိန်တိုင်းလွှမ်းမိုးချုပ်ကိုင်နေခဲ့သည်။ ည၏ နှလုံးသားတည့်တည့်အား တစ်သက်စာ တံဆိပ်ရိုက်နှိပ်ခံလိုက်ရသလို...။
တွေးမိတိုင်း ရင်ကိုတလှပ်လှပ် လှုပ်ခါသွားစေနိုင်သည့်ခံစားချက်လေးက ညအား ရူးသွပ်သွားစေနိုင်သည့် လက်နက်တစ်ခုအလား...။
သူကသိပ်ကိုစွဲလမ်းဖို့ကောင်းသည်။
အချိန်အတိုလေးအတွင်းမှာပင် ည၏ နှလုံးသားတစ်စုံအား အမိအရသိမ်းပိုက်လိုက်နိုင်သည်လေ။
သိပ်ကို မြန်ဆန်လှသည့် အဖြစ်အပျက်တွေကြား ည သူ့ကိုချစ်မိသွားသည်ဆိုတာ ဘယ်လိုဖြစ်လို့ဖြစ်သွားမှန်းအသေအချာပင်မသိတော့။ မယုံကြည်နိုင်လွန်း၍ အိမ်မက်များဖြစ်နေမည်လားဟု ထင်ယောင်ထင်မှားဖြစ်စေခဲ့သော်လည်း မျက်စိရှေ့မှ ပန်ချီးကားချပ်လေးက သက်သေပြနေလေရဲ့..။

Boundaries Of Love [ Completed ]Where stories live. Discover now