BOL 17

87.8K 6.3K 1K
                                    

Unicode

အချိန်အားဖြင့်မနက်၇နာရီလောက်တွင်မိုးညရောင်နိုးလာခဲ့သည်။ မျက်လုံးတွေကိုဖွင့်ကာ အားယူပြီးထထိုင်လိုက်တော့ သူ၏ဘေးတွင်မောင်ကမရှိတော့ပေ။
တစ်ကိုယ်လုံးက လှုပ်လိုက်တာနဲ့နာကျင်နေပြီး အောက်ပိုင်းကတစ်ခုလုံးကတစ်ခုခုနဲ့ကိုင်ရိုက်ထားသလိုမျိုးနေရခက်နေသည်။ သို့သော်လည်း ဒါကိုပင် သူ့အားစိတ်မပျက်စေဘဲ ကျေနပ်နေမိသေးတာ။ မောင်ပေးတဲ့နာကျင်မှုကအစ သူခန္ဓာကိုယ်ပေါ်မှာတည်ရှိနေတာမျိုးကိုသဘောကျတယ်။ နှစ်ခြိုက်တယ်။
ပြီးတော့ မနေ့ကနေ့လည်ကတည်းက သူတို့စခဲ့ကြတဲ့အချစ်ခရီးဟာ တကယ်ပင်နောက်တစ်မနက်ကိုတောင်ကူးပြောင်းသွားခဲ့တာဖြစ်သည်။ ထို့ကြောင့် ဟာလာဟင်းလင်းဖြစ်နေတဲ့ဗိုက်ကလည်းအချက်ပြနေပြီ။ မောင်ကတော့ ဘယ်အချိန်တည်းကထသွားသည်မသိ။ မနက်စာကော စားသွားရဲ့လားမသိပါ။

ထို့နောက် အတွေးတို့အားရပ်ရင်း ဘေးကတဘက်ကိုဆွဲယူကာ ခန္ဓာကိုယ်၌ပတ်လျှက်ရေချိုးခန်းထဲသို့ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ မိနစ်အနည်းငယ်ကြာသည်အထိ ရေချိုးသန့်စင်လိုက်တော့ ခန္ဓာကိုယ်ကအနည်းငယ်ပေါ့ပါးသွားသည်။ ပြီးသည်နှင့် လိုအပ်တာတစ်ချို့ပြင်ဆင်ပြီး မနက်စာတစ်ခုခုစားဖို့ရာအတွက်အပြင်ကိုထွက်လာလိုက်တော့သည်။

' တီးတောင် တီးတောင်🔔 '

သူအခန်းထဲက ထွက်ထွက်လာချင်းမှာပင် အိမ်ရှေ့ကအဆက်မပြတ်မည်နေခဲ့သည့် ဘဲလ်တီးသံကြောင့် တံခါးဖွင့်ပေးဖို့ဦးစွာလျှောက်သွားခဲ့လိုက်သည်။ မောင်များပြန်လာတာလား။ မဟုတ်သေးပါဘူး။ သူ တံခါးကိုလည်းသော့မခတ်ထားဘူးမဟုတ်လား။ အတွေးနဲ့အတူတံခါးကိုဆွဲဖွင့်လိုက်မိတော့...

"ဟင်! ကိုကို"

အခန်းအရှေ့အေးဆေးစွာရပ်နေတဲ့ကိုကို့ကိုမြင်လိုက်ရတာကြောင့် တံခါးကိုအမြန်ဖွင့်ပေးလိုက်မိတယ်။ တစ်ဆက်တည်းမှာတုန်ရီနေခဲ့သည့်လက်တွေနဲ့အတူစိုးရိမ်စိတ်တွေဟာလည်း ဦးနှောက်ထဲအပြည့်။ သိပ်မကြာခင်လာခေါ်မယ်လို့ပြောခဲ့သည့် ကိုကိုစကားကိုကြားယောင်လာလေတော့ ခြေလှမ်းတွေကိုအနောက်ဆုတ်မိသည်။ သူပြန်မလိုက်ချင်ဘူး။ ဇိန်းနဲ့ဘယ်လိုမှမဝေးနိုင်ဘူး။

Boundaries Of Love [ Completed ]Where stories live. Discover now