BOL 29

109K 6.2K 1.3K
                                    

Unicode 

1week Later,

ဒီနေ့သည် တိုင်းလေး၏ စနေ တနင်္ဂနွေကျောင်းပိတ်ဖြစ်ပေမဲ့ အချိန်ပိုင်းကျူရှင်ထားပေးထားတာကြောင့် ကျူရှင်သို့ပို့ဆောင်ပေးရမည်ဖြစ်သည်။
သားငယ်ကတော့ သီးသန့်ထားရှိပေးထားသည့် ပန်းချီခန်းလေးထဲတွင်ရှိနေခဲ့တာကြောင့် ခြေလှမ်းတွေကိုထိုအခန်းလေးဆီသို့ဦးတည်လိုက်သည်။
သားငယ်က ကိုယ်နှင့်တူသည့်နေရာ ဘယ်နေရာမှမရှိဘူးလို့တောင်ထင်မိခဲ့ပေမဲ့ သူသိပ်မြတ်နိုးရသည့် ပန်းချီပညာကိုတော့ ငယ်စဥ်ကတည်းကဝါသနာပါခဲ့သည်။ ဉာဏ်ကောင်းသည့်သားငယ်က သင်ပေးစရာမလိုအောင်ကိုလည်း ပန်းချီပညာ၌ ပါရမီပါခဲ့ပါသည်။ ထို့ကြောင့် ပန်းချီခန်းလေးတစ်ခုကို သားအတွက် သီးသန့်ထားပေးခဲ့တာဖြစ်သည်။

ထို့နောက် သားရှိနေသည့်အခန်းလေးထဲသို့တံခါးကိုအသာဖွင့်ရင်းဝင်သွားခဲ့လိုက်သည်။
အခန်းလေးထဲ၌ သားငယ်ဆွဲထားသည့် ပန်းချီကားချပ်ကလေးတွေအား နံရံတွေပေါ်၌ သေသပ်စွာကပ်ထား၏။ ကိုယ့်ပုံတူတွေအမျိုးမျိုးကိုလည်း ကလေးငယ်က အမြဲတစေရေးဆွဲနေခဲ့ပြီး နေရာအနှံ့မှာ သူ၏ပုံတွေက အများအပြားရှိနေသေးသည်။
ဟိုအရင်ကတည်းက သူ့အဖေပုံတွေကိုလည်း ရေးဆွဲနေခဲ့တာသူသိပေမဲ့ ကိုယ့်ကိုမသိစေချင်သည့်သားငယ်ကြောင့် မမေးမြန်းခဲ့ပေမဲ့ သားငယ်သဘောကျကြိုက်ရာကိုရေးဆွဲဖို့ခွင့်ပြုသည် ဟူသည့်စကားကိုတော့ သားငယ်နားလည်အောင် ပြောပြခဲ့ပါသည်။

သားငယ်က ငယ်သေးပေမဲ့ သိပ်ကိုလိမ္မာပါးနပ်ပြီး သူ့အပေါ်မှာလည်းသိပ်ကိုသိတတ်နားလည်သည့်ကလေးလေးဖြစ်ပါသည်။ ကိုယ်စိတ်မကောင်းဖြစ်မှာကိုလည်း သူမလိုလားတဲ့အပြင် ကိုယ်မျက်ရည်ကျမှာကိုလည်း သိပ်ကြောက်တဲ့ကလေးလေးဖြစ်သည်။
ဒါတောင် သူမသိဘူးဆိုသည့်အတွေးနှင့် သူ့အဖေပုံလေးတွေကို ယနေ့အချိန်ထိ သူမသိအောင်ခိုးဆွဲနေခဲ့သည်တဲ့လေ။ မိဘတွေရဲ့ခံစားချက်တွေကိုသာ ကြည့်ပေးခဲ့ပြီး သူ့အတွက်ကိုတောင်မတွေးဘဲ လူကြီးလေးတစ်ယောက်လိုမျိုး သိတတ်နားလည်သည့် ဒီကလေးလေးအပေါ် သိပ်ကိုအားနာမိသလို တစ်ခါတရံမှာလည်း မျက်နှာမပြဝံ့လောက်အောင်အထိ ရှက်ရွံ့နေမိပါသည်။

Boundaries Of Love [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin