Unicode
တစ်ရက်ကြာပြီးနောက်...
ယာဥ်ကြော ရှင်းလင်းနေသည့် လမ်းမအထက် အနက်ရောင်ဆိုင်ကယ်တစ်စီးသည် အရှိန်ပြင်းစွာမောင်းနှင်နေ၏။
၄င်းလမ်းမအထက် မျက်နှာချင်းဆိုင်အရပ်မှ အပြိုင်လာနေသော အဖြူရောင်ကားတစ်စီးကလည်း အရှိန်အဟုန်ပြင်းစွာ။ဇိန်း ဆိုင်ကယ်ကို တရပ်ကြမ်းမောင်းနှင်လာရင်း ရုတ်တရက် အရှေ့တည့်တည့်မှ ပိတ်ရပ်လာသည့်ကားတစ်စီးကြောင့် ဒေါသထွက်ကာ တောက်တစ်ချက်ကိုခေါက်ရင်း ဆိုင်ကယ်ကိုရပ်လိုက်သည်။ ဇိန်း ဆိုင်ကယ်ကို ရပ်လိုက်သည်နှင့် မျက်နှာချင်းဆိုင်ကားပေါ်မှ အနက်ရောင်အနောက်တိုင်းဝတ်စုံနှင့် ခပ်တောင့်တောင့် လူလေးယောက်ကထွက်လာသည်။
"ငါတို့နဲ့လိုက်ခဲ့"
၄င်း လူလေးယောက်ထဲမှ တစ်ယောက်၏စကားအဆုံး ဇိန်းက ဆောင်းထားသည့် ဆိုင်ကယ်ဦးထုပ်ကိုချွတ်ရင်း ဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်။ စွပ်ကျယ်အနက်ရောင်အပေါ်မှ ဂျာကင်အနက်ရောင်ကိုထပ်ဝတ်ထားပြီး ဂျင်းအပြဲဘောင်းဘီ All blackနှင့် ဇိန်းက လက်နှစ်ဖက်၌ ဆူးတွေပါသည့် မီးခိုးရောင် သရေလက်အိပ်ကိုလည်းစွပ်ထား၏။ ဖောက်ထားသည့် နားတစ်ဖက်၌ သံဆူးကြိုးပုံစံ နားကပ်တန်းလန်းတစ်ဖက်ကိုဝတ်ဆင်ထားကာ လူငယ်ဆန်နေသည့်ဇိန်းက မျက်နှာကြောကတော့တင်းလျှက်။
လမ်းမပေါ်သို့ချေချရပ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ငွေရောင်ဆံပင်ခပ်ဖွာဖွာတွေကို သပ်တင်လိုက်ကာ ဆိုင်ကယ်ကိုခပ်လျောလျောမှီရပ်လိုက်ရင်း...
"ကျုပ်သွားမဲ့ လမ်းကိုပိတ်ရုံတင်မဟုတ်ဘူး...ကျုပ်ကိုပါ ခင်ဗျားတို့နဲ့လိုက်ခဲ့ဖို့အမိန့်ပေးတယ်ဆိုတော့.. ခင်ဗျားတို့မှာ အသက်အပိုပါသေးတယ်ထင်တယ်.."
"အပိုတွေပြောမနေနဲ့... ကောင်းကောင်းခေါ်တုန်းလိုက်ခဲ့.. ငါတို့မှာအသက်အပိုမပါသလို မင်းမှာလည်းမပါဘူးမဟုတ်လား.. အေးအေးဆေးဆေးလိုက်ခဲ့လိုက်"
ဇိန်းက နှုတ်ခမ်းတစ်ဖက်ကိုတွန့်ချိုးရုံပြုံးလိုက်ပြီး...
"ခင်ဗျားတို့ကိုဘယ်ကောင်လွှတ်လိုက်လဲ မသိပေမဲ့ တွေ့ချင်ရင် ကိုယ်တိုင်လာခဲ့လို့ပြောလိုက် ကျုပ် စိတ်ကြည်နေလို့ ခင်ဗျားတို့ကို ဆန်ပြုတ်မတိုက်တော့ဘူး အိုကေ"
YOU ARE READING
Boundaries Of Love [ Completed ]
General FictionMyanmar BL Asshole!! M-Preg,Romance,Drama and age limited. Start date>>>Jan20