Unicode
ပြင်းထန်စွာတိုက်ခတ်နေသည့်လေအရှိန်ကြောင့် ဝေ့ရမ်းနေသည့် သစ်ရွက်တွေရဲ့အသံက တိတ်ဆိတ်ခြောက်ကပ်နေသည့်ပတ်ဝန်းကျင်တစ်ခွင်အား လွှမ်းခြုံနေ၏။ တဖြောက်ဖြောက်ကျနေသည့် မိုးရေစက်တွေသည်က မြေပြင်ပေါ်ကမြက်ခင်းစိမ်းစိမ်းတွေပေါ်၌ နေရာအနှံ့သက်ဆင်းပျောက်ကွယ်နေကြသည်။ နေရာအနှံ့သပ်ရပ်စွာတည်ရှိနေကြသည့် အဖြူရောင်အုတ်ဂူတွေနှင့်အတူကျဆင်းနေဆဲမိုးစက်တွေဟာလည်း အဆတ်မပြတ်စွာ။
ထိုပတ်ဝန်းကျင်အတွင်း အနက်ရောင်ကုတ်အင်္ကျီအရှည်နှင့်လူတစ်ယောက်သည်ကတော့ နှေးကွေးလှသည့်ခြေလှမ်းတွေနှင့်အတူ တစ်နေရာဆီသို့ ဦးတည်နေ၏။
အမဲရောင်ထီးလက်ကိုင်အား တင်းကျပ်စွာဆုပ်ကိုင်ထားသည့်လက်တွေ၌ မြင်သာနေသည့် အကြောစိမ်းစိမ်းတွေကဖြာထွက်နေပြီး နီညိုရောင်မျက်ဝန်းဆွေးဆွေးတွေကိုတော့ အနက်ရောင်မျက်မှန်တစ်လက်က ဖုံးကွယ်ထားပေသည်။ ငွေရောင်ဆံစတွေအား ပုံမှန်နှင့်မတူ သပ်ရပ်စွာလှန်တင်ထားရင်း နှုတ်ခမ်းလွှာထူထူတွေကိုလည်း တင်းတင်းစေ့ပိတ်ထား၏။
တဖြည်းဖြည်းနှင့်လျှောက်လှမ်းလာခဲ့သည့်ခြေလှမ်းတွေဟာ အချိန်တစ်ခုကြာသည်နှင့် ဦးတည်ရာဆီသို့စိုက်ရောက်လာခဲ့သည်။ သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားသည့် အဆောက်အအုံအသေးစားလေးလို နေရာလေးထဲတွင်တော့ ပန်းနုရောင်အုတ်ဂူလေးက အထီးကျန်ဆန်စွာ။ ပြုံးရယ်နေသည့်အပြုံးလှလှလေးနှင့်အတူ ဝိုင်းစက်စက်စာလုံးလေးတွေဖြင့်ရေးထိုးထားသည့် နာမည်လေးသည်ကတော့ မောင်လွန်းယံထက် အသက်၂၅နှစ် သည်တဲ့။
လက်တစ်ဖက်၌ဆုပ်ကိုင်ထားခဲ့သည့် ပန်းစည်းဖြူဖြူလေးအား ထိုအုတ်ဂူလေးပေါ်သို့တင်စေရင်း ဘေးဘက်က သစ်ရွက်ခြောက်ကလေးတွေကိုလည်း အသာအယာဖယ်ရှားပေးလိုက်သည်။ နွေးထွေးစွာပြုံးရယ်နေသည့် ပုံရိပ်ကလေးထဲက ကောင်လေးသည်ကတော့ အေးချမ်းစွာအနားယူလျှက်ရှိနေသည်။
တကယ်ဆိုလျှင် ထိုအပြုံးလေးတွေဟာ ယခုအချိန်ထိတိုင် လှလှပပပနဲ့ရှိနေသင့်သေးတာ။ သူ၏အနားမှာ အချိန်တွေအကြာကြီးဆက်ရှိနေသင့်သေးတာ။ သို့သော် သူတစ်ဖက်သတ်သိပ်ကိုစွဲလမ်းခဲ့ဖူးတဲ့ ဒီလူသားရဲ့အပြုံးလေးတွေကတော့ ဘောင်ခတ်ထားတဲ့ပုံရိပ်ကလေးထဲမှာသာ ထာဝရရှင်သန်နေခဲ့ရပြီ။ ဘယ်သောအခါမှ အဲ့ဒီအပြုံးပန်းလေးတွေဟာ ထပ်ပြီးဝေဝေဆာဆာမဖူးပွင့်နိုင်တော့ပေ။
YOU ARE READING
Boundaries Of Love [ Completed ]
General FictionMyanmar BL Asshole!! M-Preg,Romance,Drama and age limited. Start date>>>Jan20