BOL 19

84.9K 6.3K 744
                                    

Unicode

မိုးညရောင် အဖေဖြစ်သူဆီကခွင့်ပြုချက်ရခဲ့ပြီးသည်နှင့်အိမ်အတွင်းပိုင်းကနေခြံအဝအထိဝန်းရံကာစီးထားသည့်လူတစ်ချို့ကိုကျော်လွန်ပြီး ကားကိုခြံထဲကနေခပ်မြန်မြန်ပဲမောင်းထွက်လာခဲ့လိုက်သည်။ ဇိန်းနဲ့သူနဲ့အတူနေခဲ့တဲ့တိုက်ခန်းလေးဆီကိုပဲဦးတည်ရင်း ကား၏အမြန်နှုန်းကိုအရှိန်တင်ပြီးရင်းတင်နေခဲ့သည်။

ကျေးဇူးပြု၍ တစ်ခေါက်လောက်ပဲဖြစ်ဖြစ်ဇိန်းနဲ့တွေ့ပါရစေလား ကံကြမ္မာရယ်။ တစ်ခေါက်လောက်ပါပဲ။ ဇိန်းနဲ့တွေ့ရဖို့အတွက် ဒါဟာနောက်ဆုံးအကြိမ်လည်းဖြစ်နိုင်သလို အနည်းဆုံးတော့သူစိတ်ဖြောင့်ဖြောင့်နဲဲ့ထွက်သွားနိုင်ဖို့ ဇိန်းရဲ့ရင်ခွင်ထဲမှာ တစ်စက္ကန့်လောက်ပဲဖြစ်ဖြစ်ခိုလှုံခဲ့ချင်သေးတယ်။ ဇိန်းရဲ့ကိုယ်သင်းနံ့လေးတွေကို တဝကြီးရှုရှိုက်ခဲ့ချင်သေးတယ်။ ပြီးတော့ သူ့အတွက်သီးသန့်မဟုတ်ခဲ့တဲ့ ဇိန်းနှုတ်ခမ်းပါးဆီက အနမ်းလေးတွေကိုရောပေါ့။

သိပ်မကြာခင်အချိန်အတွင်းမှာပဲ ဦးတည်ရာဆီသို့ရောက်လာခဲ့ပြီး လှေကားထစ်တွေမှတစ်ဆင့်အပေါ်ကိုအပြေးတက်ခဲ့သွားလိုက်သည်။
ပြီးသည်နှင့် သော့ခတ်ထားခြင်းမရှိသည့်အခန်းတံခါးကိုအလောတကြီးဆွဲဖွင့်ရင်း အခန်းထဲကိုပြေးဝင်ခဲ့မိတော့ မယုံနိုင်စွာခေါင်းတွေကိုခါယမ်းမိလိုက်သည်။
သူထွက်သွားခဲ့တဲ့အချိန်အတွင်း ဇိန်းကအိမ်ကိုပြန်မလာခဲ့သည်မှာ အမှန်တကယ်ပင်ဖြစ်လို့နေပြီထင်ပါသည်။
အခန်းထဲမှ အရာအားလုံးသည် သူထားခဲ့တဲ့အတိုင်းပင် နေရာမပျက်မယွင်းရှိနေခဲ့သည်။
အိပ်ခန်းတံခါးပွင့်နေသည်ကအစ ထိုအတိုင်းပင်ရှိနေခဲ့လေသည်။

ဒါဆို အရာအာလုံးက ကိုကိုပြောခဲ့သလိုအမှန်တွေချည်းပဲဖြစ်နေခဲ့တာလား။ သူတွေ့ခဲ့တဲ့ပုံတွေထဲလိုပဲ ဇိန်းကရှိနေခဲ့တာလား။ သူ့ဆီကိုတစ်ခါလေးတောင်မဆက်သွယ်ခဲ့တာ အဲ့ဒီအကြောင်းတရားတွေကြောင့်သက်သက်ပဲလား။ မယုံကြည်ချင်သေးဘူး။ ဒါဟာ လုံးဝသေချာဖို့အတွက်ရာခိုင်နှုန်းတွေများနေခဲ့တာကိုတောင် အဲ့ဒီအမှန်တရားကိုမျက်ကွယ်ပြုချင်နေသေးတာ။ ဇိန်းက သူ့ကိုချစ်တယ်ဆိုတာကို မြူမှုန်လေးတစ်မှုန်စာလောက်ပဲဖြစ်ဖြစ် ယုံကြည်နေချင်သေးသည်။

Boundaries Of Love [ Completed ]Where stories live. Discover now