BOL 25

132K 7.9K 3.8K
                                    

Unicode

Hey Long time no see!!

ရန်ကုန်မြို့ မြို့လယ်ခေါင်၏အချက်အချာကျသောတည်နေရာ၌ Mahar Co.,Ltd. ဆိုသည့်အဖြူရောင်စာလုံးကြီးဖြင့် ခမ်းခမ်းနားနားမြင်နေရသည့်Office towerကြီးကအထပ်ပေါင်းများစွာ။ မြင့်မားလှသည့်Towerကြီးတစ်ခုလုံးအား အစိမ်းရင့်ရောင်မှန်နံရံတွေဖြင့်သာ ကာရံထားတာဖြစ်ပြီး ၄င်း၏အပေါ်တည့်တည့် သူရိန်နေမင်းကြီးထံမှ ဖြန့်ကျက်နေသည့် အလင်းရောင်ဝါတွေကြောင့် Towerကြီးတစ်လုံးက အဝေးကကြည့်တာတောင် မျက်စိကျိန်းလောက်စရာ မြစိမ်းရောင်တို့ ဖိတ်ဖိတ်တောက်နေ၏။ ပြောင်လတ်နေသည့်မှန်သားနံရံတွေက ၄င်းနေရောင်ခြည်၏ အကူအညီဖြင့် ဝင်းလဲ့တောက်ပနေပြီး မြင့်မားလှသည့်အထပ်ပေါင်းများစွာဖြင့်Towerကြီးအား မည်သူမျှခေါင်းမော့၍ပင်အကြည့်မရောက်နိုင်ပေ။

ကုမ္ပဏီဧရိယာအပြင်ဘက်မှစ၍ ကျယ်ဝန်းလှသည့်ခြံကြီးအတွင်း၌ အမျိုးစုံလှသည့် သစ်ပင်ပန်းပင်တို့အား ဥယျာဥ်မှူးတို့၏အကူအညီဖြင့် နေရာတကျ များပြားစွာစိုက်ပျိုးထားပြီး ပြင်သစ်နိုင်ငံမှရှားပါးမျိုးစိတ်အပင်တို့ကိုလည်း ခြံ၏နေရာတိုင်းတွင် သပ်သပ်ရပ်ရပ်စိုက်ပျိုးထား၏။
Towerကြီးတစ်ဝက်နီးနီးလောက်မြင့်သည့်ပင်စည်ကြီးတွေဖြင့်အုန်းပင်တွေသည်ကလည်း ကုမ္ပဏီ၏ခမ်းနားထည်ဝါမှုဂုဏ်တို့အား ထောက်ပံ့ပေးနေသည့်အလား။

အပြင်ဘက် decorationsအပြင်အဆင်တွေနှင့် ဘေးဘက်ကအဆောက်အအုံငယ်တွေကိုပါ နိုင်ငံခြားဆန်ဆန်ဒီဇိုင်းတွေဖြင့်ဆန်းသစ်စွာ ဆောက်လုပ်တည်ရှိထားတာဖြစ်ပြီး ဖြတ်သွားဖြတ်လာလူအများတို့ မျက်စိမလွှဲနိုင်လောက်အောင်အထိကို ကြီးကျယ်ခမ်းနားနေတာဖြစ်သည်။ ထို့ပြင် နေရာတိုင်းတွင်တပ်ဆင်ထားသည့် လုံခြုံရေးCameraတွေနှင့် အသီးသီးထားရှိထားသည့်Securityတွေကြောင့် မသမာသူလူတစ်စုတို့ အနားကပ်ဖို့ရာအတွက်1%ပင်လွယ်ကူလှမည်မဟုတ်ပေ။

စီးပွားရေးလောက၌ နာမည်ကြားရုံနှင့်ပင်ကြက်သီးထလောက်စေမည့် Mahar Group၏ ပိုင်ဆိုင်မှုအရှိန်အဝါတွေသည်က မက်မောလောက်စရာအငွေ့အသက်တို့အပြည့်နှင့်ပင်။ စီးပွားရေးလုပ်ငန်းရှင်တို့ မျက်စိကျလောက်စရာ ဂုဏ်ပုဒ်တွေနှင့်ပြီးပြည့်စုံနေသည့်Mahar Groupသည် စီးပွားရေးနယ်ပယ်အရပ်ရပ်၌ နှစ်ပေါင်းများစွာရပ်တည်လာခဲ့သည်မှာ မည်သူမျှတန်းတူမယှဥ်နိုင်လောက်အောင်ကို ပြိုင်စံရှားပင်ဖြစ်ခဲ့သည်။

Boundaries Of Love [ Completed ]Where stories live. Discover now