BOL 31

105K 5.8K 1.6K
                                    

Unicode

မှောင်မိုက်နေသည့် ပတ်ဝန်းကျင်တခွင်အား တရွေ့ရွေ့နှင့် ဖြန့်ကျက်လာခဲ့သည့် မှိန်ပြပြအလင်းရောင်ဝါတွေကြောင့် နေ့သစ်တစ်နေ့အားအစပြုလာခဲ့သည်။ တခြားနေ့တွေနှင့်မတူစွာ ရင်ခုန်ခြင်းတွေနှင့်အတူ မနက်စောစော နိုးထလာခဲ့ရသည့် မနက်ခင်း၏အကြောင်းအရင်းသည်ကတော့ ရင်ခွင်ထဲတွင်ရှိနေသည့် လူသားလေးကြောင့်ပင်ဖြစ်သည်။

ထွေးပွေ့ထားခဲ့သည့် ၄င်းခန္ဓာကိုယ်လေးအား ပို၍တင်းကျပ်စွာပိုက်ထွေးလို့ နှစ်ပေါင်းများစွာလွမ်းဆွတ်နေခဲ့ရသည့်အထိအတွေ့လေးတွေကို
အပြည့်အဝခံစားနေမိသည်။ တခဏမှာပင် သူ၏ခါးတွေဆီသို့ ပြန်လည်သိုင်းဖက်လာခဲ့သည့်လက်ကလေးတွေကြောင့် ဇိန်းတစ်ယောက် ကျေနပ်စွာပြုံးလိုက်ရင်း ရင်ခွင်ထဲကလူသားလေး၏နဖူးပြင်လေးအား ညင်သာစွာငုံ့နမ်းလိုက်သည်။

လက်ရှိအခြေအနေသည် သူ့အတွက် သိပ်ကိုကောင်းမွန်တဲ့ခံစားချက်တစ်ခုအဖြစ်ရှိနေခဲ့သော်လည်း ယူကြုံးမရဖြစ်နေခဲ့သည့်စိတ်တွေကတော့ ယခုအချိန်တွေအထိတောင် ဒွန်တွဲနေဆဲပင်ဖြစ်သည်။
လွန်ခဲ့တဲ့အချိန်တွေကတည်းက ယနေ့အချိန်ထိ သူ့အပေါ်ကိုဒီလောက်အတိုင်းအတာထိ ဒီလိုအခြေအနေမျိုးထိ သဘောထားပေးနိုင်ခဲ့တဲ့ အဲ့ဒီလူသားလေးကို စိတ်ဒဏ်ရာတွေပေးခဲ့မိတာက သူ့ဘဝမှာ ဘယ်သောအခါမှပြင်လို့မရတော့တဲ့အမှားတစ်ခုဆိုတာကိုသူသိသည်။
အဲ့ဒီအတွက်နဲ့ ရခဲ့ရတဲ့ နောင်တတရား
တွေကိုလည်းဘယ်သောအခါမှ​ချေဖျက်မိမှာမဟုတ်သလို အဲ့ဒီနောင်တတရားတွေနဲ့ပဲ အဲ့ဒီလူသားလေးရဲ့ ခြေတော်ရင်းမှာဝပ်တွားဖို့တွေးထားခဲ့ပြီးပြီ။
အဲ့ဒီနောင်တတရားတွေနဲ့ပဲ အဲ့ဒီလူသားလေးရဲ့ အရိပ်အောက်မှာ နောက်ဆုံးအချိန်တွေအထိခစားဖို့ ဆုံးဖြတ်ခဲ့ပြီးပြီ။

မိုးညရောင်ဆိုတဲ့အဲ့ဒီလူသားလေးက လက်ရှိအချိန်တွေအထိတောင် သူ့လိုကောင်မျိုးကို ဒီလောက်ထိ ဒီလိုမျိုးထိ မေတ္တာတွေပြန်လည်ပြီးပေးခဲ့လိမ့်မယ်လို့ နည်းနည်းလေးတောင်အတွေးမဝင်ခဲ့ဖူးပေ။ မမျှော်လင့်ရဲတာလို့ဆိုလျင် ပိုမှန်လိမ့်မည်။ ထို့အတွက်ကြောင့် မျှော်လည်းမမျှော်လင့်ရဲသလို မျှော်လင့်ဖို့အတွက်လည်း ဒီကောင့်ဆီမှာ ဘာအရည်အချင်းမှမရှိပါပေ။

Boundaries Of Love [ Completed ]Where stories live. Discover now