The Reason (Ep -1 )

11.5K 383 45
                                    

Unicode

မနက်4 နာရီအချိန် ။
ကျယ်ဝန်းလှသော ခြံဝန်းကြီးအတွင်းသို့
ပြိုင်ကားအဖြူရောင်လေးတစ်စီးဟာ အိမ်မကြီးဆီသို့
ဦးတည်၍ မောင်းလာခဲ့သည်...။

အိမ်မကြီးရှေ့ရောက်သည်နှင့် Jisoo
ကားကို ရပ်လိုက်ပြီး လေတစ်ချွန်ချွန်နှင့် အိမ်တံခါး
လျို့ဝှက်နံပတ်ကို နှိပ်ကာ ဝင်လာလိုက်သည် ။

" Kim Jisoo ဘယ်အချိန်ရှိပြီလဲ "

အိမ်ရဲ့တစ်နေရာကနေ ထွက်ပေါ်လာတယ့်
အသံ ။ Jisoo ခါးသက်သက်တစ်ချက်ပြုံးမိတယ် ။

အိမ်ထဲဝင်ဝင်ခြင်း မြင်လိုက်ရတယ့် ဧည့်ခန်းအလယ်မှာ
ကျော့ကျော့မာ့မော့ ထိုင်နေတယ့်
မိန်းမဟာ စာရွက်တစ်ရွက်အပြင်
သူနဲ့ ပက်သတ်မှုမပိုတယ့် မိန်းမဖြစ်သည် ။

ထိုမိန်းမရဲ့အသံ ၊ အပြောအဆို အနေအထိုင်
အကုန်လုံးကို သူမုန်းတယ် ။

ဒီမိန်းမနဲ့ သူနဲ့
ဘာကြောင့်များ ရေစက်ပါလာခဲ့တာလည်း
မသိတော့ပါ ။ စဉ်းစားလို့လည်းမရ ။ သေချာတာတော့
ဒါဟာ
ဝဋ်ကြွေးရှိတယ့် ဆိုးရွားလွန်းတယ့် ရေစက်ဘဲ ဖြစ်မယ် ။

ဒီမိန်းမကို လက်ထပ်ခဲ့ရတာက
သူ့ဘဝ အတွက်အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခု
ြုဖစ်သည် ။ သူ့ရဲ့ သဘောထား အနည်းငယ်တောင် မပါဝင်ဘဲ
မိဘတွေ ရဲ့ အတင်းအကြပ် စီစဉ်မှု ကြောင့်ပဲ သူတို့လက်ထပ်ခဲ့ရသည် ။
မိဘတွေရဲ့ စီစဉ်မှုနဲ့ စာရွက်ပေါ်က သူတို့နှစ်ယောက်ရဲ့
ပတ်သတ်မှုမှာ အဆိုးဆုံးဟာတော့ သူတို့နှစ်ယောက်ရဲ့
နေ့စဉ်ဖြတ်သန်းမှုပုံစံတွေ မတူညီခြင်း ဖြစ်သည် ။

လက်ထပ်ပြီးတယ့်အချိန်ကျမှ တစ်ယောက်နေထိုင်မှု ပုံစံနဲ့
တစ်ယောက် နေထိုင်မှုပုံစံဟာ မကိုက်ညီမှန်း
သိခဲ့ရတာက တကယ့်ကို အဆိုးဝါးဆုံး ။
အတွေးအခေါ် အယူအဆ ကအစ
အစားအသောက်အကြိုက်ပုံစံ အဆုံး
အကုန်လုံးကွာခြားကြတယ် ။
တူညီတယ့် အရာဆိုတာ သူတို့နှစ်ယောက်ကြားထဲ
တစ်ခုတောင် မရှိခဲ့ဘူးလို့ ထင်တယ် ။

Kim Jennie ဆိုတယ့် မိန်းမက အထက်တန်းဆန်တယ် ။
အထက်စီးဆန်တယ် ။ အသက်အရွယ်မကြီးပေမယ့် ဂုဏ်သရေ
ရှိမိန်းမကြီး တစ်ယောက်လို ပြောဆိုပြုမူတယ် ။
အတော်လေးလည်း ဘဝင်မြင့်ပြီး မာနလည်းကြီးသည် ။
အဲ့မိန်းမဟာ
ဂုဏ်သိက္ခာ ဆိုတယ့်အရာကိုလည်း သိပ်တန်ဖိုးထားပြီး
ဖက်တွယ်ထား
တယ့် မိန်းမ ။

THE REASONWhere stories live. Discover now