Unicode
သူတို့ ပြန်ပြီး အတူတူရှိဖို့
ဆုံးဖြတ်ပြီးတည်းက ကလေးနောက်ထပ်
ထပ်ယူဖို့ပါ ဆုံးဖြတ်ထားခဲ့ကြတယ် ။အခုဆိုရင်ကလေးက ခြောက်လရှိပြီ ။
သမီးလေးဆိုလို့ သူတို့မှာ ပိုပြီး သဲသဲလှုပ်
နေရတယ် ။ ဒီကလေးကို
အရင်လို ဖြစ်မှာစိုးလို့ ဘယ်လောက်အရေးကြီးနေပါစေ
Company ကိုတောင် မသွားတော့ဘဲ
အိမ်မှာသာ အေးအေးဆေးဆေး သူမ အနားယူသည် ။
Jisoo ကတော့ Seulgi ဆိုးလ်ကို ပြောင်းလာ
ကတည်းက Seulgi နဲ့အတူူတူ စားသောက်ဆိုင်
လုပ်ငန်းတွေ လုပ်ကိုင်နေသည် ။အလုပ်တွေအမြဲတမ်း ရှုပ်နေပေမယ့်လည်း
Jennie ကိုတော့ ပစ်မထားဘဲ
အမြဲတမ်း ဂရုတစိုက် ရှိပေးသည် ။
တစ်ခါတစ်လေဆို သူ့ဆိုင်ကိုလည်း
Jennie ကိုခေါ်သွားသည် ။ ဒါပေမယ့်လည်း
သူက Jennie ရှိနေရင် အလုပ်မလုပ်နိုင်ဘဲ
Jennie ကိုပဲ အရိပ်တကြည့်ကြည့် ဖြစ်နေတာမို့
တော်ရုံ မလိုက်သွားဖြစ်ပါ ။
သူ့အလုပ်အတွက် အနှောက်အယှက်ဖြစ်မှာ
စိုးရိမ်သောကြောင့် ဖြစ်သည် ။ပြီးတော့ သူမနဲ့အတူ ပြန်ပေါင်းလိုက်ကတည်းက
Jisoo က သူ့မိသားစုနဲ့ပါ အရင်ကပိုပြီး
ပြေပြေလည်လည် ရှိသွားတယ်တယ့် ။
အထူးသဖြင့် Jennie နဲ့ လက်ထပ်ခိုင်းကတည်းက
ဆက်ဆံရေး မပြေလည်တော့တယ့် သူ့ရဲ့အဖေနဲ့ပေါ့ ။ပြီးတော့ သူမကိုယ်တိုင်လည်း သူမရဲ့အဖေနဲ့
ပြန်ပြီး ဆက်ဆံရေးအဆင်ပြေလာသည် ။
အကြောင်းအရာကတော့ သူမရဲ့ကလေးကြောင့်ပေါ့ ။
အခုတလော ရက်တိုင်းအလိုလို
လည်း သူ့မြေးလေး အခြေအနေကို
ဖုန်းဆက်ကာ မေးသည် ။ အရင်လို သူမကို
ရင့်သီးတယ့်စကားတွေ မပြောတော့ဘဲ
အစစအရာရာဂရုစိုက်ဖို့ အစားကိုအချိန်စားဖို့
အမြဲတမ်းလှမ်းမှာသည် ။အခုမှ သူမ အဖေဆိုတာ
ဘာလဲဆိုတာ ခံစားခဲ့ရတယ် ။ဆေးရုံဆက်နေရတယ့် အတောအတွင်း
Aera ကလည်း သူ လုပ်ခဲ့တာအတွက် နောင်တရပါတယ်
ဆိုပြီး ငိုယိုကာ လာတောင်းပန်သည် ။
သူ့ကြည့်ရတာ တကယ် နောင်တရပြီး
ရင့်ကျက်တယ့် ပုံစံလေး ပေါက်လာတာမို့
Jennie ခွင့်လွှတ်ပေးခဲ့တယ် ။
အခုတော့ သူက Us ကို ကျောင်းဆက်တက်ဖို့
ပြန်သွားပေမယ့် အမြဲတမ်းသူ့ရဲ့ တူမလေး
အခြေအနေကို ဖုန်းဆက်ကာ မေးသည် ။
အရင်ကဆို မရင့်ကျက်ဘဲ အမြဲတမ်း တဇွတ်ထိုးနိုင်
တယ့် ညီမလေးက အခုလို ပြောင်းလဲလာတယ့်
အခါမှာတော့ Jennie မှာ ဂုဏ်ယူမဆုံးနိုင်
ဖြစ်ရပြန်သည် ။