မနက်ခင်း အချိန် နောက်ကျမှ နိုးတာကြောင့် နိုးနိုးခြင်းမှာတင်
ခေါင်းထဲ သိပ်မကြည်သလို ခံစားရသည် ။
ညတုန်းက အရမ်းလည်း ငိုမိသွားတာကြောင့်
ခေါင်းထဲမှာ နောက်ကျိကျိ ဖြစ်နေပြီး
မျက်လုံးတွေက စပ်နေသည် ။အိပ်ခန်းပြင်ထွက်လာတော့ အိမ်ထဲ ဘာသံမှ မကြားရဘဲ
တိတ်ဆိတ်နေပြန်တယ် ။ အပ်ကျသံတစ်ချက်တောင်
မကြားရပါ ။ ပုံမှန်ဆို ဒေါက်တာ Joohyun တို့ရဲ့
စကားသံတွေ ကြားရသေးတယ် ။ပြီးခါမှ သတိရတာက မနေ့က ဒေါက်တာ Joohyun တို့
မြို့လေးထဲက ဈေးအုံးသွားမယ် ဆိုပြီး ပြောသွားတာကို ။
အချိန်တောင် 9 နာရီ ရှိပြီ ဒီအချိန် ဈေးဝယ်ကောင်းရောပေါ့ ။လူက နွမ်းနေ၍
ကိုယ်တွေလက်တွေ လန်းဆန်းသွားအောင် သူမ
ရေမိုးချိုးလိုက်တယ် ။ရေချိူးလိုက်ခါမှ လူကလန်းဆန်းသွားသလို
ခံစားမိသည် ။ မဟုတ်ရင် လူက ညက
အိပ်ရာဝင်နောက်ကျတယ့်
အရှိန်ကော ငိုထားတယ့် အရှိန်ရော ကြောင့်
တစ်နေကုန် နှုံးနေတော့မှာဖြစ်သည် ။မနက်စာစားရန်အတွက် မီးဖိုခန်းဘက်
လျှောက်လာတော့ စားပွဲအလှည့်တည့်တည့်မှာ
ထိုင်နေတယ့် ဆေးပုလင်းတန်းလန်းနှင့် Kim Jisoo
ကြောင့် Jennie လန့်သွားမိတယ် ။သူသတိပြန်သတိရလာတာလား ။ အခြေအနေ
ပြန်ကောင်းလာတာလား ။ထမင်းစားခုံမှာ ထိုင်နေတယ့် jisoo ဟာ
ဘေးနားမှ ဆေးပုလင်း ချိတ်ထားသည့် ဘီးတိုင်
လေးကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်း jennie အား
ပြုံးပြလာသည် ။" နင် တကယ်သတိရလာတာလား "
Jennie ရဲ့ အေးစက်စက်လေသံကြောင့်
ထိုင်ခုံပေါ်မှ jisoo ဟာ မျက် မှောင်ကျုံ့သွားပြန်
တယ် ။ ပြီးမှ အရှေ့က အသီးအနှံတွေ ထည့်ထားတယ့်
ခြင်းကို လက်ညိုးထိုးရင်း ခပ်ပြုံးပြုံးနှင့်
ဆိုလာသည် ။" ပထမဆုံး တွေ့ဖူးတယ့်လူကို အခုလို
တောင်းဆိုရတာတော့ တောင်းပန်ပါတယ် ။ ဗိုက်ဆာလို့
ငါ့ကို ပန်းသီးအခွံနွှာပေးနိုင်မလား ငါ့လက်က
ဆေးပုလင်း ချိတ်ထားရတော့ ကိုင်ဖို့တောင် အဆင်မပြေဘူး "