The Reason (Ep-9)

2.8K 272 23
                                    

Unicode

မနေ့ညက Jennie သိခဲ့ရသည် ။
Jisoo ဟာ သူမအပေါ် ခံစားချက်တွေ
တမ်းစောင်းနေတယ်ဆိုတာ ။

ဟုတ်တယ် ။  မနေ့က Jisoo ဟာ သူမကို နမ်းဖို့
လုပ်ခဲ့တယ် ။ အကယ်၍ များ သူမသာ အဲ့ဒီအနမ်းကို
မရှောင်ဘဲ လက်ခံလိုက် မိမယ်ဆိုရင်
သူမတို့နှစ်ယောက် ဘာတွေ ဆက်ဖြစ်သွား
မလဲ ဆိုတာ သူမ မတွေးချင်ဘူး ။ မတွေးရဲဘူး ။

ဒါတွေဟာ သတိမရခင် Jisoo  ရဲ့
ရူးမိုက်ခြင်းလို့သာ မှတ်ယူလိုက်တော့မယ် ။
သတိရရင် Jisooဟာ သူမဆီမှာ
တွယ်ကပ်နေမှာမဟုတ်ဘူး ။  ဒါကြောင့်
Jisoo ရဲ့ ခံစားချက်တွေကို
မသိချင်ယောင်ဆောင်လိုက်တာ
အကောင်းဆုံးပဲ မဟုတ်လား ။

ပြီးတော့ Jisoo
နဲ့ သူမ အနေအထိုင်ဆင်ခြင်သင့်ပြီ ။

ဘယ်လိုပဲ Jisoo ရဲ့ စိတ်ထဲမှာ
သူတို့က လက်ထပ်ပြီးသားတွေလို့
သိထားပါစေ အချိန်တန်လို့ သတိပြန်ရရင်
သူတို့ဟာ မိဘတွေကြောင့် မတက်သာဘဲ
လက်ထပ်ခဲ့ရတယ်ဆိုတာ သိသွားမှာပဲ
မဟုတ်လား ။

ပြီးကျရင် သူတွဲနေတယ့် Park Chaeyoung
ဆိုတယ့် မိန်းကလေးဆီ ပြန်သွားအုံးမှာပဲ ။

Jisoo ပြန်သတိရလာရင် အတိတ်က
သူမတို့ရဲ့ ဆိုးဝါးလှတယ့် ဆက်ဆံရေးဆီကို
ပြန်ရောက်သွားတော့မှာ ။

ဒါကြောင့်ဒီထက်ပိုမပက်သက် မိအောင်
သူမဘက်က Jisoo ကို ရှောင်ဖို့ ဆုံးဖြတ်ထားပေမယ့်
Jisoo ကအရင် ရှောင်နေသည် ။

မနက်စာကိုလည်း သူမနဲ့အတူ လာမစား သလို
မျက်ဆိုင်ချင်းဆိုင်မိရင်တောင်မှ
ချက်ချင်း ရှောင်ထွက်သွားသည် ။

ဒီလိုရှောင်နေတာက မနေ့ညက
သူနမ်းတာကို လက် မခံလိုက် မိလို့များလား
တွေးမိပြီး ခေါင်းရှုပ်ရသည် ။

Jisoo
ကို ခပ်ကင်းကင်းနေဖို့ ဆုံးဖြတ်ထားပေမယ့်
တကယ်တမ်း မနေနိုင်တာကလည်း Jennie သာ
ဖြစ်ရပြန်သည် ။

အရင်နေ့တွေတုန်းက
သူမကို တွေ့ရင် အမြဲပြုံးနေတတ်တယ့်
Jisoo က အခုတော့ သူ့ကို
တွေ့ရင် မျက်နှာထားဟာ အေးစက်စက် ။ 
အကြောင်းအရင်းမေးဖို့ ကြိုးစားပေမယ့်လည်း
သူမကို မြင်တာနဲ့ ရှောင်ထွက်သွားတယ့်
Jisoo ကြောင့် အခွင့်မရှိ ။ 

THE REASONWhere stories live. Discover now