Unicode
" ဆိုတော့...နင်က ဒီအတိုင်း အပြောအဆိုခံရတာလား "
Coffee ဆိုင်တစ်ခုမှာ နှစ်ယောက်သားဆုံရင်း
ညစာစားပွဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို Lisaအား သူမ
ရှက်ရှက်နဲ့ပင် ပြန်ပြောပြရတယ် ။သူမ တကယ့်ကို ပွဲကြမ်းဖို့သွားခဲ့တာ ။
ဒါပေမယ့် ဟိုရောက်ပြီး Kim Jisoo မျက်နှာမြင်တယ့်
အချိန်မှာပင် လူက ဝမ်းနည်းပက်လတ် ဖြစ်ခဲ့ရသေးသည် ။
ပြီးတော့ဘယ်လိုတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ပြီး Kim Jennieဆီက
သက်သက်ကြီး အပြောအဆိုခံလာ ရသည် ။ပြီးတော့ Jisoo ကိုလည်း
မျက်နှာချင်းဆိုင်ပြီး ဘာစကားမှ
အေးဆေးမပြောခဲ့နိုင် ။ သူ့မျက်နှာမြင်တော့
သူမနှုတ်ဖျားထဲ ပြောဖို့ စကားအရှည်ကြီးတွေ စဉ်းစားမရတော့
ဘူး ။" မဟုတ်ပါဘူး ။ ငါသူ့ကို တစ်ချက်ရိုက်ခဲ့ရတယ် ။
ပြီးတော့ Jisoo ကိုကောပဲ ။ သုံးချက်တောင်
ရိုက်ခဲ့ရတယ် "စကားရဲ့ အဆုံးသတ်အပိုင်းတွင်
တိမ်ဝင်သွားတယ့် အသံက သိသိသာသာပင်ဖြစ်သည် ။
သတိလွတ်နေသလို စိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်
နေတယ့် Chaeyoungကြောင့်
lisa သက်ပြင်း တစ်ချက်ချလိုက်မိသည် ။Lisa သူ့ကို နားလည်ပါတယ် ။
ဘယ်သူကတော့ ကိုယ်ချစ်ရတယ့်သူကို
အသားနာအောင် လုပ်ခဲ့ရတာ
ဘယ်လိုလုပ် ဝမ်းသာနိုင်မှာလဲ ။Chaeyoung က ခေါင်းမာပြီး
ပြောရင်ပြောသလို လုပ်တတ်တယ့် မိန်းကလေး
ဖြစ်ပေမယ့် Jisoo နဲ့ ပတ်သတ်ရင်
သိပ်ကို စိတ်ပျော့ပြီး ထိလွယ်ရှလွယ်တယ် ။
ဒါကြောင့် Chaeyoung က Jisoo ကို
မျက်နှာချင်းဆိုင် ရှင်းမယ်ပြောထဲက သူစိတ်မအေး
ဖြစ်ခဲ့တာ ။Jisoo ကို မုန်းတယ့် အကြောင်းတွေကို
ပါးစပ်ဖျားက တဖွဖွရေရွက်နေပေမယ့် သူ
တကယ်တမ်း Jisoo ကို
မမုန်းနိုင်တာကို Lisa သိတယ် ။သူကိုယ်တိုင်လည်း Jisoo ကို
အရမ်းစိတ်ပျက်ဒေါသထွက်နေပေမယ့်
မမုန်းနိုင်ခဲ့ဘူး ။ အရင်ထဲက ပခုံးဖက်ပေါင်းလာခဲ့တယ့်
သူငယ်ချင်းကောင်း တစ်ယောက်
ဖြစ်ခဲ့တယ် မဟုတ်လား ။