The Reason (Ep-23)

4K 291 44
                                    

Unicode

ဆေးရုံဝမှာ ထိုင်စောင့်နေသည့်
Dix ဆီကို သူအပြေးသွားလိုက်သည် ။ Dixက
သူ့ကို မြင်တာနဲ့ ထိုင်နေရာမှ ချက်ချင်းထရပ်သည် ။

" ဘယ်မှာလဲ ။ Jennie ဘယ်မှာလဲ ! "

အသည်းအသန် ဖြစ်နေသည့် သူ့ကို
အနီးတဝိုက်က လူတွေက ဝိုင်းကြည့်နေကြသည် ။
ဒါပေမယ့် သူဂရုမစိုက်နိုင်ပါ ။

" Jisoo စိတ်ကိုငြိမ်ငြိမ်ထားပြီး...
ကျွန်မ ပြောတာကို အရင် နားထောင်ပါအုံး! "

Dix ပြောသလို သူအတက်နိုင်ဆုံး
စိတ်ကိုငြိမ်အောင်ထားလိုက်သည် ။
ပြီးတော့ Dix ကို စပြောဖို့ သူခေါင်းငြိမ့်ပြလိုက်သည် ။

" မနေ့ကညနေထဲက ဆေးကုသမှုတွေ ဆက်တိုက်
ခံယူနေရတာကြောင့် Jisoo shi အထဲသွားရင်
သူဌေးကို စိတ်ထိခိုက်စေမယ့် စကားတွေမပြောပါနဲ့ ။
သူအရမ်းပင်ပန်းနေတာ "

" ဒါဆို...မနေ့ကတည်းက ဆေးရုံတက်ရတာပေါ့ ။
ဒါဆို ငါ့ကို ဘာလို့ အခုမှ ဆက်သွယ်တာလဲ! "

" သူဌေးက ခွဲစိတ်ခန်းထဲ မဝင်ခင်တောင်
ရှင့် ကို မပြောဖို့ တဖွဖွမှာနေလို့ပါ ။
ရှင့်ကို လက်ထပ်ခါနီးမို့ အနှောက်အယှက်
မပေးချင်ဘူးတယ့် ။ ဒါပေမယ့်လည်း
ဘယ်လိုပဲ ဖြစ်ဖြစ် သိသင့်တယ်ထင်လို့ အကြိမ်ကြိမ်စဉ်းစား
ပြီးမှ ကျွန်မ ဖုန်းဆက်လိုက်တာပါ ။ လက်ထပ်ပွဲကို
နှောက်ယှက်သလို ဖြစ်သွားရင် ကျွန်မ
တောင်းပန်ပါတယ် "

Dix ရဲ့စကားတွေကို ကြားတော့
သူ သက်ပြင်းခပ်ဖွဖွချလိုက်မိသည် ။

Jennie ဟာ
ဘာလို့ သူ့အတွက်ဒီလောက်စဉ်းစားပေးခဲ့တာလဲ ။
သူ့လက်ထပ်ပွဲကို အနှောက်အယှက်မဖြစ်ချင်လို့
အသက်လုနေရတယ့် အချိန်တောင်
မပြောဖို့ မဖြစ်မနေမှာခဲ့သေးတယ်တယ့် ။
ဘယ်လို့များဒီလောက်တောင်!

" ကျေးဇူးပါပဲ ငါ့ကိုအကြောင်းကြားပေးလို့ ။
ဒါဆို အခုငါ့ကို Jennie ရှိတယ့်အခန်းဆီ
လိုက်ပို့ပေးလို့ရမလား "

Dix က သူ့ကို ခေါင်းငြိမ့်ပြသည် ။
ဒါကြောင့် သူ Dix ကို တစ်ချက်ပြုံးပြပေမယ့် Dix
ဟာတော့ ထုံးစံအတိုင်း မျက်နှာသေဖြင့်သာ
ပြန်တုံ့ပြန်ပြီး သူ့ရဲ့ အရှေ့ကနေ သွားကာ
Jennie ရဲ့အခန်းဆီကို ခေါ်သွားပေးသည် ။

THE REASONWhere stories live. Discover now