Unicodeဖုန်းမြည်သံ~
ဘေးနားမှ ကျယ်လောင်သည့်
အသံကြောင့် ဆက်ပြီးမအိပ်နိုင်တော့ဘဲ
မျက်လုံးတွေကို အားယူကာ ဖွင့်လိုက်မိသည် ။
ပြီးတော့အသံလာရာနေရာကို
ကြည့်ကြည့်တော့ စားပွဲပေါ်က သူမရဲ့
ဖုန်းသံ ဖြစ်သည် ။သူမ ဧည့်ခန်းထဲမှာ အိပ်ပျော်သွားခဲ့တာဖြစ်သည် ။
မနေ့ညက ခဏမှေးမယ်ဆိုပြီး အိပ်ပျော်သွားခဲ့တာ ။
ဒါဆိုရင် Jisoo ကကော ။ Jisoo ရှိရင်
သူမ ဧည့်ခန်းထဲမှာ ဒီအတိုင်း
အိပ်နေစရာ ဘာအကြောင်းမှ မရှိဘူး ။
မနေ့ညက Jisoo ပြန်မလာဘူးလား ။သူမခေါင်းထဲ အတွေးများစွာဖြင့် ထူပူလာရသည် ။
စားပွဲပေါ်က ဖုန်းကိုကြည့်ကြည့်တော့ Dix
ဆီက ဖြစ်သည် ။
ပုံမှန်ဆို တစ်ခါခေါ်ပြီးရင်
သူမ မအားဘူးဆိုတာ သိလို့ ဆက်ပြီးမဆက်တတ်သည့်
Dixဟာ ဒီနေ့ကျမှ သူမ မကိုင်မချင်းဆက်နေသည် ။
ဒါကြောင့် သူမ အတက်နိုင်ဆုံးစိတ်ကို
လျော့ချရင်း ဖုန်းကိုကောက်ကိုင်လိုက်သည် ။" သူဌေး ကျွန်မ အဖွားတက်နေတယ့် ဆေးရုံမှာ
Kim Jisoo ကို ဟိုမိန်းကလေးနဲ့အတူ တွေ့လိုက်တယ် ! "Dix ရဲ့စကားဟာ
သူမရဲ့ နားထဲသို့ သံရည်ပူလောင်းထည့်သလိုပင်
အဝင်ဆိုးလှသည် ။
ဟိုမိန်းကလေးဟာ ဘယ်သူ့ကို
ဆိုလိုမှန်း သူမ သိသည် ။
Jisoo က Park Chaeyoung နဲ့အတူ
ရှိနေသည်တယ့်လား ။ခေါင်းထဲ အတွေးများစွာရှုပ်ထွေးပြီး
စိတ်တွေ ဂနာမငြိမ်ဖြစ်လာရသည် ။ ဖုန်းကို
ကိုင်ထားမိတယ့် လက်တွေဟာလည်း
တုန်တုန်ယင်ယင် ။" ဘယ်ဆေးရုံလဲ...မြန်မြန်ပြော Dix!!! "
" xxx ဆေးရုံပါသူဌေး..။ xxx စားသောက်ဆိုင်နဲ့
နီးတယ် "Dix ကို ဘာမှဆက်မပြောတော့ဘဲ
ဖုန်းကိုချကာစားပွဲပေါ်က သူမရဲ့ကားသော့ကိုယူကာ
အပြေးထွက်ခဲ့သည် ။ဖိနပ်တောင်မလဲဘဲ အိမ်စီးဖိနပ်နဲ့
ထွက်လာမိတယ့်အထိ သူမ သတိမကပ်တော့ပါ ။Jisoo ဟာ Park Chaeyoung နဲ့အတူတူ
ရှိနေတယ်တယ့် ။ အဲ့တာဆိုရင် Jisoo က
သတိရသွားပြီလား ။