ဆိုးလ်မြို့သို့ သွားသော ကားပေါ်တွင်
Jisoo သာလျှင် အေးဆေးစွာ လိုက်လာခဲ့သည် ။
ဘေးနားက Jennie ဟာတော့
စိတ်ရှုပ်ထွေးခြင်းများစွာကို ခံစားနေရသည် ။Company မှာ အရေးကြီး
အစည်းအဝေး ရှိတယ် ဆို၍သာ
သူမကိုယ်တိုင် လာတက်ရခြင်းဖြစ်သည် ။
အရင်ကဆို Video Call ဖြင့်သာ
ပြောလေ့ရှိပေမယ့် အခုတော့
Company မှာ အငြင်းပွားစရာ ပြသာနာ ရှိနေသည်
ဆိုတာကြောင့် မဖြစ်မနေ ကိုယ်တိုင်သွားရမည် ။Jisoo ကို ဆိုးလ် ခေါ်လာဖို့ အဆင်သင့်မဖြစ်သေးဘူး ။
အိမ်မှာလည်း တစ်ယောက်တည်းထားခဲ့လို့
မဖြစ်တာကြောင့် ခေါ်လာရတာ ။ Company က အလုပ်ပြီးတာနဲ့ သူမတို့ ချက်ချင်း ပြန်မှ ဖြစ်မယ် ။ဘာကိုတွေးကြောက်မှန်းမသိ
သူမ စိတ်တွေ မလုံသလို ခံစားရသည် ။" Jisoo "
" ပြောလေ "
" ဟိုရောက်ရင် ငါ့နားကနေ ဘယ်မှ လျှောက် မသွားနဲ့နော်။
ငါအစည်းအဝေးလုပ်နေတယ့် အချိန်ကျရင်လည်း
ငါ့ရုံးခန်းထဲမှာပဲ ထိုင်စောင့်နေပေး "Jennie ရဲ့ စကားကို ကြားတော့ Jisoo
ဟာ ပြုံးနေရာကနေ ရယ်ချသည် ။ မျက်နှာတည်ကြီး
နဲ့ သူ့အမိန့်တွေ လိုက်ပေးနေတယ့် Jennie
ရဲ့ ပုံစံက အတော်လေး ရယ်ချင်စရာကောင်းလှသည်
မဟုတ်လား ။သူ့ကိုကလေးပေါက်စများနေသလားတော့
မသိပေမယ့် ဆုံးမနေတာကတော့ လူကြီးပေါက်စရဲ့
ပုံစံအတိုင်းပါပဲ ။" နင် ငါ့ကို ကလေးများ မှတ်နေလား "
" ကလေးထက်ပိုဆိုးတယ် နင်က ။ နင် ဘာမှ မမှတ်မိဘူးလေ "
" အဲ့ဒီတော့ "
" နင်အခုလို ဖြစ်နေတာကို ငါဘယ်သူ့ကိုမှ
မသိစေချင်ဘူး ။ ဒါကြောင့် ငါလူတွေနဲ့
စကားပြောရင်လည်း နင်ကငါ့ဘေးမှာ
အလိုက်ထိုက်လေးနေပေးပါ "" ဘယ်လိုမျိုးလဲ "
" ငါပြောချင်တာကဟာ ငါ့ကို
သူတို့ရှေ့မှာ နွေးနွေးထွေးထွေးဆက်ဆံပြီး
အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေပေးဖို့ပါ ။ အင်း...
ရှင်းရှင်းပြောရရင် ငါ့ကို ဂရုစိုက်ပေးဖို့ ပြောတာ "