The reason
မနေ့က အိမ်ရာဝင်တာ
နောက်ကျသွားလို့ထင်သည် ၊ ဒီနေ့
မနက် 8 နာရီမှ နိုးလာသည် ၊ နာရီကြည့်ပြီး
တာနှင့် အိပ်ရာက ကုန်းရုန်းထကာ မနက်စာ
ပြင်ဖို့ အမြန် မျက်နှာထသစ်ရသည် ၊ ပုံမှန်ဆို
6နာရီလောက်ထဲက နိုးပေမယ့် မနေ့ညက
ညဥ့်နက်တယ့်အထိ အိပ်မပျော်တာကြောင့်
မနက်ထတာ နောက်ကျသွားတာ
ထင်သည်မျက်နှာသစ်ပြီးတာနဲ့
ညအိပ်ဝတ်စုံတောင် မလဲပဲ မီးဖိုချောင်ထဲ
ပြေးဝင်တော့ စားစရာမနက်စားက
စားပွဲပေါ် အဆင်သင့်ရောက်နေတယ် ၊ ပြီးတော့
စားပွဲရဲ့ အလယ်မှာ ထိုင်ပြီး
သူ့ကို ပြုံးပြုံးကြီးဖြင့် ကြည့်နေတယ့် Kim Jisoo" လာခဲ့..မနက်စာစားမယ် "
" ဒါတွေက နင်လုပ်ထားတာလား "
" ဒါလောက်တော့ ငါလုပ်တတ်ပါတယ်နော်..
ကြည့်ရတာ အရင်ကလည်း ငါလုပ်ဖူးတယ်
ထင်တယ် "အားတက်သရော ဂုဏ်ယူဝင့်ကြွားစွာ
ပြောလာတယ့် Jisoo ရဲ့စကားကို
သူလိုက်ပြီး မရယ်မောနိုင်ပါ ၊ Kim Jisoo က
ဟို Park Chaeyoung တစ်ယောက်ကို
ဟင်းချက်ပေးဖူးတယ် ထင်သည်" ဘာလို့ မှိုင်နေတာလဲ ၊
အလုပ်ပင်ပန်းနေတာလား "
တစ်ခွန်းချင်းစီ မေးရင်း Jisoo ဟာ
မီးဖိုချောင်အဝမှာ ရပ်နေတယ့် Jennie ရဲ့
အနားကို ရောက်လာခဲ့သည် ၊ နှဖူးကိုခပ်ဖွဖွ
စမ်းပြီး ခေါင်းတစ်ခါခါ လုပ်ကာ" နွေးနေတယ် ၊ နေမကောင်းဘူးထင်တယ် "
သူ့ကို ကြည့်ရင်း သက်ပြင်းတချထျ
လိုက်နေတယ့် Jisoo ဟာ တကယ် Jennie ကို
စိတ်ပူနေတယ့် ပုံဖြစ်တာကြောင့်
Jennie ပြုံးလိုက် မိသည်သူမ ဒီနေ့ဒီချိန်ထိ
နေမကောင်းလို့ ဖျားနာရင်တောင်
ဘယ်သူမှ သူမကို အဖက်လုပ်ပြီး ဂရုမစိုက်
ပေးကြပါ ၊ ဖျားနေတယ်ဆိုပြီး
ဘယ်သူမှလည်း သူမကို တကုတက
ပြုစုပေးမယ့်သူလည်း မရှိဘူး ၊ တစ်ချို့တွေ
တော့ ရှိပေမယ့် စိတ်ရင်းနဲ့ မဟုတ်တာကြောင့်
Jennie ဘာကိုမှ မခံစားခဲ့ရဘူး" ဆေးသောက် မလား "
Jennie ခေါင်းခါပြလိုက်သည် ၊ တကယ်
သူ ဆေးသောက်ရမှာကို အရမ်းမုန်းတယ် ၊
ဆေးရဲ့ ခါးရဲ အရသာကြီးကို အရမ်းကြောက်သေးသည်