The Reason (Ep-17)

2.9K 270 31
                                    

Unicode

" အဖေနမည်က Kim Joon ။ သိပ်တော့
အာရုံမစိုက်ပါနဲ့ ။ မောင်နမည်က Kim Hyunseok
အသက် နှစ်ဆယ့်သုံးနှစ်ရှိပြီ ။ အငယ်ဆုံးညီမနမည်က
Kim Aera ။ အသက်နှစ်ဆယ့်နှစ်နှစ်ရှိပြီ ။ rubyတို့
လက်မထပ်ခင်ထဲက သူက Us မှာ ကျောင်းသွားတက်နေတာ
မို့ chuနဲ့ သူနဲ့က တစ်ခါမှမတွေ့ဖူးသေးဘူး "

Jennie က ဖုန်းထဲမှ ဓာတ်ပုံများကိုပြကာ
Jisooအားသူမရဲ့ မိသားစုဝင်တွေအကြောင်းကို
သေချာရှင်းပြနေသည် ။
မနက်ခင်းက Jennie ရဲ့ အဖေက သူ့အိမ်ကို
လာခဲ့ဖို့ ဖုန်းဆက်ပြောတယ် ။

စိတ်ထဲထစ်နေပေမယ့် ဘာမှပြသာနာမတက်ချင်
တာမို့ Jennie ဟုတ်ကဲ့တစ်ခွန်းပဲ ပြောပြီး
ဖုန်းချလိုက်ရသည် ။ သူမ နဲ့ အဖေရဲ့ ဆက်ဆံရေးဟာ
ဆိုးဝါးသည်ထက် ပိုပါတယ် ။

" အမေကကော "

" ဆုံးသွားပြီ ။ လွန်ခဲ့တယ့် နှစ်နှစ်လောက်က.."

Jennie စကားဆုံးသည်အထိ
သူ့ဆီက ဘာတုံ့ပြန်မှုမှ မထွက်လာတာကြောင့်
လှည့်ကြည့်မိတော့ Jisooက သူမကို
အားနာသော မျက်ဝန်းတွေဖြင့် ကြည့်နေသည် ။
ဒါကြောင့် Jennie ခပ်သဲ့သဲ့ရယ်လိုက်တယ် ။

" အားနာစရာမလိုပါဘူး ။ အမေက
ရှိတုန်းကလည်းငါ့အတွက် ဘာမှမဟုတ်ခဲ့ဘူးလေ ။
ဒီအတိုင်း ငါ့ကို အပြစ်တင်ဖို့ပဲ ကြိုးစားခဲ့တာ ။
ဒါကြောင့် ထွေထွေထူးထူး....."

သူမရဲ့စကားမဆုံးခင် Jisooက
သူမရဲ့ ကိုယ်လေးကို ဆွဲပြီး ဖက်တယ် ။
သူမဟန်ဆောင်ပြီး အဆင်ပြေချင်ယောင်ဆောင်
နေတယ့် ပုံစံက သိပ်ကို သိသာနေပြီလား ။

Jisoo က သူမရဲ့
စိတ်ကိုတကယ်ပဲ ဖတ်တတ်နေသလား ။

သူမရဲ့ နှုတ်ခမ်းဖျားက ထွက်လာမယ့်
ခါးသက်သက် စကားလုံးတွေ ရပ်တန့်ကာ သူ့ကို
ပြန်ဖက်တွယ်ထားလိုက်တယ် ။

အခုအချိန်မှာ Jisoo က သာ
သူမရဲ့ ခံစားချက်တွေ ကို နားလည်ပေးနိုင်သူ
ဖြစ်တယ် ။
အရင်ရက်တွေက သူမ အာရုံနောက်လောက်အောင်
စနောက်နေတယ့် လူက
အခုလို အချိန်ဆိုရင်လည်း သူမအတွက် နွေးထွေးပြီး
ဖေးမပေးတယ် ။
သူမရဲ့အချစ်ကို ရပြီးမှ သူက Jennie ရဲ့
စိတ်ကို ပိုမြင်လာခဲ့တယ် ထင်တယ် ။

THE REASONWhere stories live. Discover now