တိတ်ဆိတ်လှသည့် ပတ်ဝန်းကျင်သည်
Jennie အား ရှုပ်ထွေးလှသော အခြေအနေတွေကြားတွင်
အနည်းငယ်စိတ်သက်သာစေလှသည် ။ ဘယ်နေရာကြည့်ကြည့်
မိုးမျှော်တိုက်မြင့်တွေသာ မြင်နေရသော နေရာမှ အခုလို
နေရာမျိုးကို ရောက်လာရလို့ဖြစ်မည် ။အခုလက်ရှိ သူမတို့ ရှိနေသည့် အိမ်၏ အနီးတဝိုက်တွင်
အိမ်တွေပင် မရှိ ။ သူမတို့ အိမ်တစ်ခုတည်းသာ ရှိသည် ။ သို့သော်
ခမ်းလှမ်းလှမ်းတစ်နေရာတွင်တော့ နယ်မြို့ငယ်လေး
တစ်ခုရှိတယ် ပြောသည် ။ ကားနဲ့သွားရင်တော့
သိပ်မဝေးလှ ။ဒီမှာ နေနေရတာ အဆင်ပြေပေမယ့် ကုတင်ပေါ်တွင် မေ့မျော
နေသော jisoo ရဲ့ မျက်နှာမြင်တိုင်း
အကြိမ်ကြိမ်ဒေါသထွက်ရသည် ။ဘယ်လိုလို့များ သူမအပေါ် ဒီလိုမျိုး
ဖောက်ပြန်နိုင်ရတာလဲ ။ ဘာလို့များ လုပ်နိုင်ရတာလဲ ။သူ့ရဲ့ ရည်းစားဟောင်း Park Chaeyoung ဆိုတယ့်
မိန်းကလေးနဲ့ကို သူငယ်ချင်းအဆင့်ပဲ ရှိတော့တယ်လို့
တွေးခဲ့မိတာ Jennie ရဲ့ ညံ့ဖျင်းမှုပဲ ။ သူမ နဲ့ လက်ထပ်ပြီးလို့
Jisoo အဲ့ဒီကိစ္စတွေ အကုန် ရှင်းပစ်ခဲ့ပြီလို့
သူမ ထင်ခဲ့တာ ။ သူမ မှားသွားခဲ့တယ် ။သူမတို့နှစ်ယောက်က စာချုပ်ပေါ်မှာသာ
လက်ထပ်ထားတယ့် ဆက်ဆံရေး တစ်ခုပါ ။ ဒါပေမယ့်
ဒါကိုတော့ Jisoo စောင့်ထိန်းသင့်တယ် ။ တခြားအရာတွေသာ
သူမ လက်ခံကောင်း လက်ခံ နိုင်ပေမယ့် အခုလို ဖောက်ပြန်တာကြီးကို
Jennie အရမ်းမုန်းသည် ။အဓိကအကြောင်းအရင်းဟာ တခြားသူတွေသာ ဒီအကြောင်း
သိသွားရင် သူမရဲ့ ဂုဏ်သိက္ခာတွေဟာ ရေစုန်မျောပြီ ။ဧည့်ခန်းထဲမှာ Company က mail နဲ့ပို့လိုက်တယ့်
အလုပ်တွေလုပ်ရင်း ပင်ပန်းလာလို့
ခဏမှေးလိုက်တယ်ထင်တာ အချိန်က
ညနေ 5 နာရီတောင်ထိုးပြီ ။သူမ သုံးနာရီကျော်ကျော်အိပ်ပျော်သွားတာပဲ ။
အလုပ်တွေဟာတော့ အပြီးသတ်ပြီး သွားပြီ ။ထိုအချိန်တွင် ခြံပြင်က အသံကြားတာကြောင့်
ပြတင်းပေါက်ကနေ မတ်တပ်ထကြည့်တော့
ခြံဝမှာ ဒေါက်တာJoohyun ဟာ
လူအချို့နဲ့ အတူရပ်နေသည် ။