Unicode
အခန်းထဲ ပြန်ရောက်သည့်အခါ
အတွေးများစွာနှင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရသည် ။သူမ ပေါ့ဆခဲ့မိတာ ။
jisoo ရဲ့ ဖုန်းကို စားပွဲပေါ ်မှာယသတိလက်လွတ်တင်ထားခဲ့မိတယ့် အထိ သူမပေါ့ဆခဲ့သည် ။Jisoo သူမကိုဖွင့်ပြောပြီးတယ့် အချိန်ကတည်းက
သူမ စိတ်တွေ ရောက်ယှက်ခက်နေခဲ့သည် ။
စိတ်နဲ့ ကိုယ်နဲ့ မကပ်မိခဲ့ဘူး ။
အခုထိတိုင်အောင်ပဲ ။ဘာကြောင့် အခုလိုတွေ ဖြစ်နေတာလဲဆိုတာ
သူမကိုယ်တိုင်လည်း မသိတော့ဘူး ။ပူလောင်နေတယ့် စိတ်တွေကြောင့်
သူမ ရေချိုးဖို့ပြင်တော့ မိုးကရွာချလာသည် ။
ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်လာပေမယ့်
အဲ့ရာသီဥတုကို အန်တုပြီး
ချိုးဖြစ်အောင် ချိုးလိုက်သည် ။အကုန်လုံးပြီးစီးသွားတယ့်အခါကျမှ
ပြီးမှ ကုတင်ပေါ်က လက်ပ်တော့ကို ယူကာ
Company အလုပ်တွေစလုပ်ဖို့ ပြင်တုန်းမှာပဲ
ကားပေါ်မှာ ကျန်ခဲ့တယ့် အထုပ်တွေကို သတိရပြီး
ူယူဖို့ အမြန်ပြေးထွက်လာသည် ။
သို့ပေမယ့် အခန်းပြင်ထွက်ထွက်ချင်း မြင်ရတယ့်
မြင်ကွင်းကြောင့် ခြေသံတွေ တိတ်ဆိတ်သွားသည် ။စောနက နေရာမှာ Jisoo က အခုထိ
ဒူးထောက်လျက်သား ရှိနေသေးသည် ။ဒီလိုမြင်ကွင်းမျိုးဟာ အရင်စိတ်နဲ့သာဆိုရင်
သူမကို သေချာပေါက် ကျေနပ်အားရစေမယ့်
မြင်ကွင်းကောင်းဆိုပေမယ့် အခုအချိန်မှာတော့
ဒီမြင်ကွင်းဟာ Jennie အတွက် အဲ့လို
အားရကျေနပ်မှုမျိုးကို မပေးနိုင်တော့ဘူး ။အရင်က သူမ သိခဲ့တယ့် Jisoo ဟာ
ခက်ထန်ပေမယ့် အခု Kim Jisoo ကတော့ အရမ်းကို
ပျော့ညံ့ပြီး ထိခိုက်လွယ်တယ် ။ သူမ နဲ့ ပက်သတ်ရင်ပဲ
ဆိုတာလည်း Jennie သိသည် ။ကြမ်းပြင်ကိုသာ ခေါင်းစိုက်ရင်း ရှိနေတယ့်
Jisooက သူမကို ကျောပေးထားတာကြောင့်
သူ့မျက်နှာကို မမြင်ရဘူး ။
ကိုယ့်အပြစ်ကို သိပြီး ဒီလိုလုပ်နေတာသိပေမယ့်
Jennie ဒီအတိုင်း မကြည့်နေနိုင်ဘူး ။ဒါကြောင့် အခန်းဝမှာ ရပ်နေရာက
သူ့နားသွားလိုက်သည် ။
ပြီးတော့ ပုခုံးကို တစ်ချက်တို့လိုက်ပြီး