Unicode
" အချစ် အဆင်ပြေရဲ့လား ။ Chu ဝင်ခဲ့ရမလား "
" ရ...ရတယ် Chu ။ အဆင်ပြေတယ် "
လက်ထဲက ကိရိယာလေး၏ မျက်နှာပြင်ပေါ်က
တစ်ခုတည်းသော အမှတ်အသားလေးအား ကြည့်ရင်း
မျက်ရည်စတွေ ဝဲတက်လာခဲ့သည် ။
သူမ အရမ်းကြိုးစားခဲ့ပေမယ့် ဘာလို့လဲ ။
ဘာလို့ ကလေးက သူမဆီရောက်ဖို့
ဒီလောက်တောင် ခက်ခဲနေရတာလဲ ။သူမ သန့်စင်ခန်းထဲ မဝင်ခင်အချိန်တုန်းက
ကလေးက သူမတို့ဆီ ရောက်လာခဲ့မယ်လို့
ကျိန်းသေ မျှော်လင့်ခဲ့တာ ။
သူမ ဓမ္မတာမဆင်းတာလည်း အတော်ကြာပြီ ။
ပြီးတော့ သူမ ဖတ်ဖူးသမျှ စာအုပ်တွေထဲက
ကိုယ်ဝန်ရှိရင် ဖြစ်တတ်တယ့် လက္ခဏာတွေလည်း
အကုန်ပြတယ် ။
ဒါပေမယ့်....ဘာလို့လဲ ။" ရပါတယ် ။ ဒီတစ်ခေါက်မဟုတ်ရင်လည်း
နောက်တစ်ခေါက်ပေါ့ ။ Chu တို့မှာ အကြိမ်ကြိမ်
ကြိုးစားချိန် ရှိပါသေးတယ် "သန့်စင်ခန်းထဲက ငူငူငိုင်ငိုင်ဖြင့် ထွက်လာသည့်
သူမကို Jisoo က အလိုက်တသိဖြင့်
ပွေ့ဖက်ကာ နှစ်သိမ့်ပေးသည် ။
သို့သော်လည်း ထိုနှစ်သိမ့်စကားတွေဟာ
ခေါင်းထဲမရောက်ဘဲ သူမဆီမှာ Jisoo ကို
ဆွဲထားဖို့ ဘာကြိုးစမှ မရှိဘူးဆိုတယ့် အတွေးကသာ
ပိုကြီးစိုးနေသည် ။သူမ Jisoo ကို ပြန်တောင်မဖက်တွယ်နိုင်တော့
တယ့်အထိ အားအင်တွေကုန်ခမ်းနေသည် ။
အဲ့တာကြောင့် Jisooက သူမကို
မယိုင်လဲသွားအောင် ဖက်တွယ်ထားပေးသည် ။" စိတ်ဓာတ်မကျပါနဲ့ အချစ် ရယ် ။
Chu တို့ ခဏလောက် စိတ်ကော ကိုယ်ကော
အနားယူဖို့ အချိန်ပေးပြီးတာနဲ့ ကလေးယာဖို့
စီစဉ်ကြမယ်လေ ။ ဒါက ပထမဆုံးမို့ မလွယ်ကူတာနေမှာပါ "" ကလေးရရင် ခံစားရတယ့် လက္ခဏာတွေအကုန်လုံး
ခံစားခဲ့ရတယ်လေ ။ ဒါပေမယ့်..ဘာလို့ကလေးက... "Jennie မဖြေသာနိုင်တယ့်အဆုံး jisooက
သူမကို ဒေါက်တာဆီ အကျိုးအကြောင်း မေးရအောင်
ဖုန်းဆက်ပေးသည် ။
ဒါကြောင့် သူမလည်း ဒေါက်တာနှင့်
ဖုန်းပြောကြည့်သည် ။
Jisooကတော့ ဘေးနားကနေ သူမကို
တစ်ချိန်လုံး နှစ်သိမ့်ပေးနေသည် ။