Unicode
ဆေးရုံက ဆင်းကတည်းက
ဘယ်မှ မသွားဘဲ သူရယ် Chaeyoung ရယ်
ဝယ်ထားသည့် တိုက်ခန်းမှာသာ နေနေမိသည် ။Chaeyoung က Club တွေဘာတွေ
သွားမယ် ပြောပေမယ့်လည်း သူငြင်းမိတယ်
ဘယ်မှသွားချင်စိတ် မရှိဘဲ တိုက်ခန်းထဲမှာပဲ
အောင်းနေမိတယ် ။လောလောဆယ် တိုက်ခန်းမှာ သူတစ်ယောက်ထဲသာ
ရှိတယ် ။ Chaeyoung ဟာ အပြင်ကို
ခဏထွက်သွားသည် ။ ဒါကြောင့်
တစ်ယောက်ထဲ ဧည့်ခန်းထဲငူငူငိုင်ငိုင် ထိုင်နေမိတုန်း
ဘေးနားက ဖုန်းလာတာကြောင့်
ကြည့်လိုက်တော့ Seulgi ဆီက ဖြစ်သည် ။
သူ Seulgi နဲ့ မဆက်သွယ်မိတာ
အတော်ကြာပြီ ။" ထူးထူးဆန်းဆန်း ငါ့ဆီဖုန်းတွေဆက်နေပါလား
Seulgi..."" အခုတလော အလုပ်ရှုပ်နေမိလို့မခေါ်မိတာပါဟာ ။
ဒါနဲ့ ကလေးအခြေအနေကကော ဘယ်လိုနေလဲ ။
ငါအခု ကလေးအခြေအနေလေး သိချင်လို့
ဖုန်းဆက်လိုက်တာ "သူ မျက်နှာတည်သွားမိတယ် ။
သက်ပြင်းအသာချရင်း" ဟင့်အင်း..ကလေးကိစ္စမအောင်မြင်ဘူး..."
" စိတ်ဓာတ်မကျပါနဲ့...ဒီတစ်ကြိမ်ရရင် နောက်တစ်ကြိမ်ပေါ့ "
" Seulgi...ငါအခု Jennie နဲ့ "
" ပြောလေ..Jennie နဲ့ ဘာဖြစ်လဲ "
" ကွာရှင်းဖို့ ပြင်နေတာ..."
သူရဲ့စကားဆုံးတော့ Seulgiက
ဘာတုံ့ပြန်မှုမှ ရောက်မလာခဲ့ပေ ။
ဒီအတိုင်း သက်ပြင်းချသံ ခပ်သဲ့သဲ့ကိုသာ
ကြားရသည် ။ဒါကြောင့် သူ တစ်ခါ ပင့်ရှိုက်လိုက်ရင်း
နောက်ထပ်စကားပြောဖို့ အားယူလိုက်သည် ။" ပြီးတော့ လက်ထပ်ဖို့ကောပဲ ...."
" ငါနင်တို့
နှစ်ယောက်ကွာရှင်းတာ ဘာကြောင့်မှန်းမသိလို့
ဝင်မပါချင်ပေမယ့် အခုကွာရှင်း အခုလက်ထပ်တာကြီး
ကတော့ အရမ်းလွန်တယ်မဟုတ်ဘူးလား...နင်လူ
ကော ဟုတ်သေးရဲ့လား...။ ကလေး မရလို့ Jennieမှာ
ဘယ်လောက် စိတ်ဆင်းရဲနေမလည်း နင်မတွေးမိဘူးလား ။
သူ့ကို ကိုယ်ချင်းမစာဘူးလား ! "" တကယ်ပဲ ငါ့ကို ဘာဖြစ်စေချင်နေကြတာလဲ "
" နင့်ဟာနင် ဖြစ်ချင်ဖြစ်!! လုပ်ချင်တာလုပ်!
ငါက နင်ဒီလိုမှန်းမသိခဲ့လို သိပ်ကို
ခင်မင်ခဲ့မိတာ ။ အင်းပါ ငါတစ်ခုတော့ပြောထားမယ်
နင် Jennie နဲ့ ကွာရှင်းပြီး တခြားတစ်ယောက်ကို
လက်ထပ်လိုက်မယ်ဆိုရင် ငါ့ကိုမဆက်သွယ်နဲ့..။
နင်ဘာမှမဖြစ်လည်း ငါJennie အတွက်
ိစိတ်မကောင်းဘူး "