The Reson ( Ep-18)

3.1K 275 51
                                    

Unicode











" Chu ကို သေတ္တာထဲထည့်သိမ်းထားချင်တယ်  "

သူမ ပြောတော့ Jisoo က ခပ်ဖွဖွပြုံးသည် ။
ပြီးတော့ သူမရဲ့ပါးလေးကို တစ်ချက်ဆွဲဖိသေးသည် ။

ဘေးဝိုင်းက လူတစ်ချို့က သူတို့ကို
မသိမသာ ဓာတ်ပုံတွေရိုက်နေတာ သူမသိပေမယ့်
လျစ်လျူရှုကာ ဒီအတိုင်း သူမရှေ့က Jisoo မျက်နှာကိုပဲ
ငေးမောနေမိသည် ။

ဘယ်အချိန်ထိ ငေးခွင့်ရမလည်း မသိလို့
ရသလောက်အချိန်လေးမှာ သူမ အပြည့်အဝ ငေးမော
ပစ်လိုက်ချင်သည် ။

ဒါဟာ သူမ ရဲ့ တစ်ခုတည်းသော အတ္တဆန်ဆန်
ဆန္ဒလေးတစ်ခုပါပဲ ။

သူမ ဘဝမှာ အရင်က လိုချင်တာ ဖြစ်ချင်တာ
အများကြီး ရှိကောင်းရှိခဲ့ပေမယ့် အခုအချိန်မှာ သူမ
ဖြစ်ချင်တာက Kim Jisoo ဆိုတယ့်
သူမကို ပျော်ရွှင်စေတယ့် တစ်ဦးတည်းသော
လူသားလေးကို အနားမှာထားထားချင်မိသည့်
ဆန္ဒလေးပဲ ရှိတော့သည် ။

" Chu ငါ့အနားက ထွက်သွားရင် ငါရူးသွားမယ်ထင်တယ် "

မျက်ဝန်းထဲက မျက်ရည်စတွေကို
သူမ အတက်နိုင်ဆုံး ထိန်းသိမ်းရင်း ပြောခဲ့သည် ။
ဒါပေမယ့် လုံးဝ အဆင်မပြေတော့ သူမ ရဲ့
လက်ဖဝါးနှစ်ဖက်ဖြင့် မျက်နှာကို တိတ်တဆိတ်အုပ်ပြီး
ငိုကြွေးမိသည် ။

ဘေးဝိုင်းက လူတွေရဲ့ ခပ်တိုးတိုးစကားသံတွေကို
သူမ ဂရုမစိုက်ချင်တော့ဘူး ။
ဒီအတိုင်း သူ့ရှေ့မှာ စိတ်လွတ်လက်လွတ်သာ
ငိုချပစ်ချင်တော့တာပဲ သိတယ် ။

" အချစ်..."

သူမရဲ့ မျက်နှာပေါ်က လက်ဖဝါးနှစ်ဖက်ကို
Jisooက အသာအယာ ဆွဲယူပြီးဆုပ်ကိုင်ထားသည် ။
ပြီးတော့ မျက်ရည်စတွေ တွဲခိုနေသည့်
သူမရဲ့ မျက်ဝန်းတွေကို တည့်တည့်ကြည့်ရင်း
ပြုံးပြသည် ။

" chu ကတိပေးတယ် ။ အချစ် ကို chu က
အမြဲတမ်း ချစ်ပေးသွားမှာ ။ ဘယ်အခြေအနေပဲ ရောက်ရောက်
လက်မလွတ်ဘူး ။ အချစ် ကို အရမ်းချစ်တယ် ။
အဲ့တာကြောင့် အချစ် ကို  Chu က ထပ်ပြီး
ထားသွားမယ်လို့ မတွေးတော့လို့ မရဘူးလားဟင်  "

THE REASONWhere stories live. Discover now