Unicode
" ငါ နင့် ကို ချစ်တယ် ။ ဒီစကားကို ခဏခဏ
ပြောနေပေးချင်တာ ။ နင့်နားထဲမှာ အချိန်ပြည့် ဒီစကား
ကိုပဲ ကြားနေစေချင်တာ နင်သိလား "စကားဆုံးတော့ Jennie ဟာ သူ့ကို ထမင်းစားနေရင်းမှ
မျက်စောင်းလှမ်းထိုးတယ် ။
Jisoo ပြုံးမိသွားတယ် ။ သူအခုတလော
မျက်စောင်းလေးကို မရရင် မနေနိုင်သလိုကို ဖြစ်နေပြီ ။" ထမင်းပဲ အေးဆေးစားလိုက်ပါလား ။
တခြားမဟုတ်တာတွေ မပြောနဲ့ ။ ဆိုင်ထဲကလူတွေ
ကြားရင် နင့်ကို အရူးလို့ထင်နေမယ် "Jennie သူ့ကို နောက်တစ်ကြိမ်
မျက်စောင်းထိုးရင်း ပြောကာမှ သူ ဆိုင်ရောက်နေမှန်း
သတိရတယ် ။
စားလက်စ ထမင်းပန်းကန်ကို ငုံ့ကြည့်
တော့ နည်းနည်းလေးမှ မလျော့သေးဘူး ။
သူတစ်ချိန်လုံး အရှေ့ က ထမင်းချည်း
မျက်နှာမဖော်တမ်းလိမ့်စားနေတယ့်
ကောင်မလေးကို ငေးကြည့်ရင်း ထမင်းစားဖို့
မေ့သွားခဲ့တာ ။" တော်ပါပြီ မစားချင်တော့ဘူး ။ ဒီအတိုင်း
နင် စားနေတာလေးကိုပဲ ငေးကြည့်တော့မယ် "" ငါ့ကို ထမင်းမစားနိုင်အောင် လုပ်နေတာလား ။
နင်အဲ့လို စိုက်ကြည့်နေရင် ငါက
ဘယ်လိုလုပ် စားဝင်မှာလဲ "" ဘာလို့လဲ "
" မသိဘူး! စားစရာ ရှိတာသာ အရင်စားပါ ။
ဆိုင်တွေ မပိတ်ခင်မုန့်ဝင်ဝယ်ရအုံးမှာ ။ အိမ်မှာ
ပေါင်မုန့်တွေ ကိတ်မုန့်တွေ အကုန် ကုန်နေပြီ "Jennie ရဲ့ စကားကို နားထောင်ချင်တာက
တစ်ကြောင်း ။
သူကိုယ်တိုင်ကလည်း ဗိုက်ဆာနေပြီ
ဖြစ်တာက တစ်ကြောင်းရယ်ကြောင့်
ထပ်ပြီး မစတော့ဘဲ ပန်းကန်ထဲက ထမင်းကို
အာရုံစိုက်စားဖို့လုပ်ရတော့သည် ။ထမင်းစားပြီး ဆိုင်ထဲက ထွက်လာတော့မှ
ဆိုင်ပိုင်ရှင် Seulgi နှင့်တိုးသည် ။
ဆိုင်ထဲမှာ ရှိနေမယ်လို့ ထင်ထားတာ ။Seulgi က သူတို့ကိုမြင်တာနဲ့
လာနှုတ်ဆက်ပြီး" နှစ်ယောက်လုံး စားပြီးကြပြီပေါ့ "
" ဟုတ်တယ် နင်ကကော ဘယ်သွားနေတာလဲ ။
ငါက အနောက်ဘက်မှာ ရှိနေမယ်ထင်တာ "