Book. : 52
Chapter. : 1 - 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၅၂၊ အခန်း ၁ ။ ပင်လယ်ကို လက်ပစ်ကူးပြီး ပြန်ရဦးမှာလား
"နင်ကတော့လေ…တော်တော်ဆိုးတယ် ။ ဒီလောက်နှစ်တွေ အများကြီးကို ငါတို့ကို စိတ်ပူရအောင် လုပ်တယ် ။ ငါတို့မှာ နင့်ကို
နေ့ တိုင်း လွမ်းနေတာ ။ ကြယ် ခုနစ် နဲ့ ခုနစ်စင်ကြယ် ၊ အဲ့ကောင်စုတ်လေးနှစ်ကောင်ဆို ပိုဆိုး ။ ဒီလွတ်လပ်သောနယ်မြေ တစ်ခုလုံးကို မြေလှန်ပြီးတော့ကို လိုက်ရှာတာ ။ နင်ကတော့ ဖုန်းလေးတစ်ကောလ်တောင် ဆက်ဖော်မရဘူး ၊ အသည်းနှလုံး မရှိချက်"ထိုအမျိုးသမီးသည် ထိုသို့ မာန်မဲနေသော်လည်း သူမ၏မျက်ဝန်းတို့သည်ကတော့ အလွန်တရာပင် နူးညံ့နွေးထွေးပေသည် ။
ထို့နောက်တွင် သူမလေး၏ရင်ဘတ်ကို လှစ်ခနဲ ကြည့်လိုက်ပြီး ပြုံးကာ ဆိုလာသည် ။
"ဒီနှစ်အတွင်းမှာ နင်လည်း တော်တော်ပြောင်းလဲသွားတာပဲ ။ နင် ပြန်ရောက်လာပြီလို့သာ ကြယ် ခုနစ် လာမပြောရင်
ငါ နင့်ကို လုံးဝကို မမှတ်မိလောက်ဘူး"ရီဝမ်ဝမ်သည် ပြန်ပင် မပြောလိုက်ရပေ ။
သူမသည် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ရီဝမ်ဝမ်ကို
ပွေ့ ဖက်ထားပြီး သူမလေး၏ဆံပင်ကို ထိုးဖွနေသည် ။ထိုနူးညံ့နွေးထွေးသည့်ကိုယ်ဖြင့် အဖက်ခံထားရသောကြောင့် ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ မဆိုစလောက်လေး ကော့တက်သွားသည် ။
ဒါ…အရမ်း မရင်းနှီးလွန်းဘူးလား ။
သူ ငါ့ကို စကားချိုချိုပြောပြီး အလိမ်ဖော်ဖို့တော့ မဟုတ်လောက်ပါဘူးနော် ။
ရီဝမ်ဝမ် သတိမပြုမိလိုက်သည်မှာ ထိုမိန်းမသည် ရီဝမ်ဝမ်၏ ပွယောင်းသွားသည့် ဆံပင်များ ပုံကျနေသော ရင်ညွှန့် နားကို ကြည့်သွားခြင်းပင် ။
ထိုရင်ညွှန့် နားတွင် ရှိနေသည့် လခြမ်းပုံစံ အမှတ်လေးကို မြင်လိုက်ချိန်တွင် ထိုအမျိုးသမီးသည် အံ့သြ၀မ်းသာသွားလေသည် ။

YOU ARE READING
ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)
Romanceစာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။